9

765 76 3
                                    

[Unicode]

" အဲ့သလိုနဲ့ပဲ ကျွန်တော် အစ်ကို့ဆီ ရောက်လာတဲ့ အထိ ဖြစ်တာဗျာ "

တိမ်ယံသည် အစ်ကို့အား ဒီနေ့ စက်ဘီးလဲရသည့် ဖြစ်ကြောင်း အကုန် အစအဆုံး ပြောပြလိုက်ပြီးနောက် နောက်ဆုံး စာကြောင်းကို ပို့လိုက်ပြီး အစ်ကို လိုင်းပေါ်မရှိတာကြောင့် ဖုန်းကို ပိတ်လိုက်၏။

တိမ်ယံ အခု အလွန် ခေါင်းကိုက်နေပေမဲ့လည်း အစ်ကို့ကို ပြောပြမယ်လို့ ပြောထားသည်ကြောင့် အကုန် ပြောပြဖြစ်ခဲ့၏။ Voice Message ပို့ရင်ရသော်လည်း မပို့ရဲတာကြောင့် စာသာ ရိုက်ပြီး ပို့လိုက်တာဖြစ်သည်။

" ငါ့သား ... ဒီမှာ စားဖို့ အဆင်‌သင့်ဖြစ်ပြီ ... ကုန်အောင် စားပြီး ဆေးသောက်လိုက်နော် ... ဖေဖေ ပြန်လာတော့မှာမို့လို့ မေမေ သွားကြိုလိုက်အုံးမယ် "

" ဟုတ်ကဲ့ မေမေ ... ကျေးဇူးတင်ပါတယ် "

ထမင်းမစားချင်ဘူး ဟူ၍ ပြောသည့် တိမ်ယံကြောင့် မေမေသည် တိမ်ယံကြိုက်သော ခေါက်ဆွဲပြုတ်ကို ပြုတ်၍ အပေါ်ထပ်ထိ လာပို့ပေးခြင်း ဖြစ်သည်။

" ဪ ဟုတ်သား ... သား ဖေဖေကိုပဲ သား ခွင့်ယူမဲ့ အကြောင်း ပြောခိုင်းလိုက်မယ်နော် ... လုပ်စရာရှိတာကို ဆောင်းလေးနဲ့ ထည့်ပေးဖို့ အကူအညီတောင်းလိုက်မယ် "

" ဟုတ်ကဲ့ မေမေ ... ကျွန်တော် ဆောင်းကို ပြောတော့ ပြောထားပါတယ် "

" အေးအေး ... ဒါဆို မေမေ အောက်ဆင်းပြီ "

တံခါးပိတ်ပြီး ဆင်းသွားတဲ့ မေမေ့ကို ကြည့်ရင်း တိမ်ယံ တွေးမိသည်။

မေမေ ခဏခဏ အလုပ်နားခိုင်းနေတာနဲ့ သူအလုပ်များ ပြုတ်တော့မလားလို့ပါ။ အစ်ကိုကလည်း နားဖို့ ပြောလိုက်သည်ဆိုပေမဲ့ ဒဏ်ရာက အဲ့လောက်လည်း မဟုတ်ဘဲ ဘာလို့ နားခိုင်နေကြတာလဲနော်။ ပျင်းပါတယ်ဆို။

စူပုတ်ပုတ်ဖြင့် တိမ်ယံသည် ခေါက်ဆွဲပြုတ် ပန်းကန်ဆွဲယူ၍ စားနေခဲ့ပါ၏။

Messenger pH call ringtone ~ !

" အင်း ... ပြော ... ဘယ် စာရေး ဆရာ ... အဟွတ် ... အဟွတ် ... အဟွတ် "

Messenger မှ ဖုန်းဝင်လာသည်ကို ခဏနေလျှင် Video Call ခေါ်၍ သူ့ဆေးကျောင်းသားလေးအတွက် စာအုပ်ရွေးခိုင်းမည်ဟု ပြောထားသည့် ဆောင်းအထင်နှင့် တိမ်ယံ ဖုန်းကိုင်ကာ ပြောလိုက်ခြင်းဖြစ်သော်လည်း ဖုန်းမျက်နှာပြင်ပေါ်တွင် မြင်လိုက်ရသည့် တိမ်ယံ့၏ တစ်စုံတစ်ယောက်ကြောင့် ခေါက်ဆွဲနင်ပြီး သီးသွားရတော့၏။

Nephophile ( Completed )Where stories live. Discover now