8

757 71 3
                                    

[Unicode]

နဖူး ဒဏ်ရာမှ သွေးများကို သန့်ရှင်းပေးပြီး ဆေးထည့်ပေးနေတဲ့ လေပြည့်ကို မော့ကြည့်နေသော တိမ်ယံ့ မျက်ဝန်းတွေက တောက်တောက်ပပ ဖြစ်ပြီး တမေ့တမြော။

အစ်ကိုက ယနေ့ Mask မတပ်ထားသဖြင့် ကြည့်ကောင်းလွန်းတဲ့ မျက်နှာကို အနီးကပ် မြင်နေရ၏။ တိမ်ယံ့မှာ မျက်နှာချောချောကို ကြည့်ရင်း ရင်ခုန်သံတွေမှာ တသိမ့်သိမ့်။

ထို့ပြင် ဒဏ်ရာကို ကြည့်ရင်းနှင့်မှ တစ်ခါတစ်ရံ အစ်ကို့ မျက်ဝန်း အကြည့်တွေက သူ့မျက်ဝန်းတွေဆီ ရောက်ရှိလာပြီး အကြည့်ချင်းဆုံလာချိန်တိုင်း တသိမ့်သိမ့် လှုပ်ရှားရမှ အရှိန်မြင့်လာတဲ့ ရင်ခုန်သံတွေကြောင့် မျက်လွှာချမိရသည်မှာလည်း အခါခါ။

တိမ်ယံသည် ရင်ခုန်လွန်းနေတာကြောင့် တုန်ယင်နေခဲ့သလို ပျော်ရွှင်စွာဖြင့် ကြည်နူးမိနေတာကြောင့်လည်း ပြုံးချင်နေမိ၏။

တိမ်ယံ ဆေးခန်းထဲမှ အစ်ကို့ ရှိရာ အခန်းထဲသို့ ဝင်လိုက်ချိန်တွင် အံ့ဩရိပ်သန်းသွားတဲ့ အစ်ကို့ မျက်ဝန်းတွေနှင့် တိမ်ယံ့ ဒဏ်ရာတွေ မြင်ချိန် စိုးရိမ်သလိုမျိုးဖြစ်သွားခဲ့တဲ့ အကြည့်တွေက တိမ်ယံ့ နှလုံးသားထဲ စွဲမက်စွာဖြင့် နေရာယူနေပါ၏။

အစ်ကိုသည် လိုင်းပေါ်တွင် စကားတွေ အများကြီး နီးပါး ပြောပေမဲ့ ယခု အပြင်တွင်တော့ တစ်လုံးမှကို ပြောမလာသေးတာကြောင့် တိမ်ယံ့မှာ အစ်ကို့ အသံကို ကြားချင်စိတ်အား ထိန်းမရ။

" အစ်ကို ... အာ ... ဒေါက်တာ "

နဖူးကို ဆေးထည့်ပြီး၍ တစ်ဖက်သို့ လှည့်သွားချိန် တိမ်ယံ ခေါ်လိုက်တော့ ရပ်တန့်သွား၏။ ထို့နောက်တွင်မှ လှည့်ကြည့်လာပြီး တိမ်ယံ့ နဖူးက ဒဏ်ရာကို တစ်လှည့် တိမ်ယံ့ကို တစ်လှည့်ကြည့်၍ ပြောလာပါ၏။

" အဆင်ပြေသလို ခေါ်လို့ရတယ် တိမ်ယံ "

" ဟုတ်ကဲ့ အစ်ကို ... ကျွန်တော် "

" နေအုံးလေ ... ဘယ်ကို ဆင်းမှာလဲ ... ခြေထောက်က ဒဏ်ရာကို ကြည့်ပေးအုံးမယ်လေ "

လူနာကုတင်ပေါ် ထိုင်နေရာမှ ဆင်းဖို့ ပြင်နေတဲ့ တိမ်ယံ့အနားသို့ အစ်ကိုက အလျင်အမြန် ရောက်လာခဲ့ပြီး ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်လာခဲ့၏။

Nephophile ( Completed )Where stories live. Discover now