20

762 71 22
                                    

[Unicode]

ညနက်လာလေ ရာသီဥတုက အေးလာလေ ဖြစ်ပြီး မုန့်တွေလည်း ကုန်၍ နှစ်ယောက်သားကြား၌ အတန်ငယ် တိတ်ဆိတ်လာခဲ့ချိန် အစ်ကိုက ပြန်လာခဲ့မည်ဟု ပြော၍ ထသွား၏။

တိမ်ယံ အစ်ကို ဘယ်သွားသလဲ လိုက်ကြည့်တော့ ကားအနောက်ခန်းကို ဖွင့်ပြီး တစ်ခုခု ထုတ်ယူနေသည်ကို တွေ့ရ၏။

တိမ်ယံ လက်ထဲ ကိုင်ထားသည့် ကျူးလစ်ပန်းလေးကို ငုံ့မွှေးရင်း အစ်ကို့ကို စောင့်ကြည့်နေတုန်း လက်တစ်ဖက်တည်းဖြင့် ဂီတာကို ကိုင်၍ လျှောက်လှမ်းလာသည့် အစ်ကို့အား တွေ့လိုက်ရသည်။

Long Coat အနားစလေးတွေ တလွင့်လွင့် ဖြစ်နေခြင်းနှင့်အတူ တိမ်ယံ့ကို လှမ်းကြည့်ရင်း အစ်ကို တစ်လှမ်းချင်း လျှောက်လှမ်းလာပုံက လွန်စွာကို ကြည့်ကောင်းနေသည်။

မျက်လုံးလေးတွေ အရောင်တောက်နေတဲ့ တိမ်ယံ့ရဲ့ ဆံပင်လေးတွေကို အနားရောက်လာတဲ့ အစ်ကိုက ဖွဖွကလေး ဆွဲဖွ၏။

" ကိုယ် တိမ်ယံ့ကို သီချင်းဆိုပြမယ် "

" ဟုတ် အစ်ကို "

ခေါင်းလေးကို ငြိမ့်ပြလိုက်တဲ့ တိမ်ယံက ရင်ခုန်နေပေမဲ့လည်း စိတ်ကို ထိန်းထားလိုက်၏။ ဖုန်းထဲကတောင် သိပ် နားထောင်ကောင်းခဲ့တဲ့ အစ်ကို့ အသံက အပြင်တွင် ပို၍ နားထောင် ကောင်းမည်မှာ သေချာ၏။ ပြီးလျှင် သီချင်းဆိုနေတဲ့ အချိန်၌ သိပ်ကြည့်ကောင်းတဲ့ အစ်ကို့ပုံရိပ်ကိုလည်း တိမ်ယံ အပြင်တွင် မြင်ချင်သည်။

အစ်ကိုသည် ခုံမှာ ဝင်မထိုင်ခင် ဝတ်ဆင်ထားသည့် Long Coat ကို ချွတ်၍ ခုံဘေးဘက်တွင် တင်လိုက်၏။ လှုပ်‌ရှားမှု‌ တစ်ခုချင်းစီက ဆွဲဆောင်မှုရှိစွာဖြင့်။ ထို့နောက်တွင်မှ ခုံပေါ်တွင် ဝင်ထိုင်၍ ဂီတာကို တီးကာ စပြီး သီဆိုလေ၏။

မင်းနဲ့မှ ချစ်တတ်ပြီ - ဇော်ပိုင်

" အချစ်အကြောင်းများ မသိခဲ့ဘူး
ငယ်စဉ်က အသက်အရွယ်မှာ

ရူးလောက်တဲ့ အချစ်မျိုးလည်း
ကိုယ်တိုင် မတွေးမိသေးပါ

ဒဏ္ဍာရီပုံဆန်တဲ့ အလွမ်းအဆွေးမျိုးနဲ့
တစ်နေ့တော့ဖြင့် တို့ ကြုံမှာ
မတွေးမိသေး

Nephophile ( Completed )Место, где живут истории. Откройте их для себя