2

1.1K 104 4
                                    

[Unicode]

" အဖျားက ၁၀၁ ရှိတယ် ဟုတ်ပြီ ... သွေးပေါင်လေး ချိန်ကြည့်ရအောင် ... လက်လေး မြှောက်ပေးပါ "

‌ကုတင်ဘေးနား ရပ်၍ ပြောရင်း တစ်ခုချင်း ပြုလုပ်သွားသော ဒေါက်တာက နောက်ဆုံးတွင် သူ့ရင်ဘတ်အား နားကြပ်ဖြင့် စမ်းရန် လက်အား အနားသို့ တိုးလာချိန်မှာတော့ တိမ်ယံ့မှာ အကြောင်းအရင်းမရှိ အသိရှူအောင့်လိုက်မိ၏။

" အသက်ရှူလို့ရပါတယ် ... အောင့်ထားစရာ မလိုပါဘူး "

အာရုံစိုက် ပြုလုပ်နေရမှ မျက်လွှာပင့်တင်၍ အသက်ရှူ အောင့်ထားတဲ့ တိမ်ယံ့ကို ပြောလာပုံက လွန်စွာ ကြည့်ကောင်းသည်။

အသံဩသြကလည်း နားထောင်ကောင်းသလို တည်ငြိမ်နေတဲ့ မျက်ဝန်း‌တွေနဲ့ ထင်းနေတဲ့ မျက်ခုံးမွှေး စိမ်းညှို့ညှို့တွေကလည်း သိပ် ကြည့်ကောင်းလွန်းနေတာမို့ တိမ်ယံ့မှာ ဒေါက်တာ၏ မျက်နှာပေါ်မှ Mask အား ဆွဲဖြုတ်၍ မျက်နှာလေးသည် မည်သို့ ဖြစ်ကြောင်းကို ကြည့်ချင်လာမိရ၏။

ကျစ် ... တိမ်ယံသော် ဘယ်လို ဖြစ်နေတာလဲ။ မင်းက ဒီလို ပုံစံမှ မဟုတ်တာ။

ဘယ်သောအခါမှ ယောကျာ်းလေး တစ်ယောက်ကို မပြောနှင့် မိန်းကလေးတစ်ယောက်ကိုတောင် ထိုမျှ အသေးစိတ် လိုက်မကြည့်ဘူးသော မိမိက ယခု ဒေါက်တာအား အသေးစိတ် လိုက်ကြည့်နေမိပြီး မျက်နှာအား အလွန် မြင်ချင်နေသည်က သိပ်မဟုတ်ပါချေ။ ပြီးလျှင် ဒေါက်တာနှင့် တံခါးဝနားတွင် နီးကပ်ပြီးချိန်တည်းက မူမမှန် ဖြစ်နေသော နှလုံးသားကလည်း သိပ်မဟုတ်သေးတာမို့ တိမ်ယံ့မှာ နေမကောင်းဖြစ်နေတာကိုပင် မေ့ချင်ချင် ဖြစ်သွား၏။

" ဆေးထိုးအပ် ကြောက်သလား ... အဖျားက ရက်ရှည်နေတော့ ဆေးထိုးလိုက်ရင် ကောင်းမယ် "

" ဗျာ ... ဆေး ... ဆေးထိုးမယ် "

ဆေးထိုးရမယ် ဆိုတာ ကြားရုံနဲ့တင် တိမ်ယံတစ်ယောက် နှလုံးသားထဲ‌တွင် ဖြစ်နေသည်ရော ဒေါက်တာက ကြည့်ကောင်းလွန်သည် ဆိုတာကိုရော မေ့သွားပြီး လက်တစ်ဖက်နှင့် သူ့၏ တင်ပါးတစ်ဖက်အား ကိုင်မိသွားသလို အတွေးများကလည်း ဆေးထိုးခြင်းကြောင့် အနာခံခဲ့ရသော အမှတ်တရအချို့ကို သတိရသွား၏။

Nephophile ( Completed )Tahanan ng mga kuwento. Tumuklas ngayon