27

583 57 0
                                    

[Unicode]

အိမ်အပေါ်ထပ်မှ ဆင်းလာတဲ့ တိမ်ယံရဲ့ မျက်နှာလေးသည် ဆောင်းရာသီ၏ မနက်ခင်း နေရောင်ခြည်နုနုနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ အုပ်မှိုင်းနေခဲ့၏။

အကြောင်းအရင်း‌ကတော့ ယခုဆို သူ့မိဘနှစ်ပါး သူ့ကို လုံးဝ အရေးမလုပ်တာ နှစ်ပတ်တောင် ရှိနေပြီ ဖြစ်သောကြောင့်ပင်။

တိမ်ယံလည်း အစ်ကို ပြောတာကို နားထောင်ပြီး အတတ်နိုင်ဆုံး စိတ်ထဲ အဆင်ပြေအောင်နေပေမဲ့လည်း မရပါ။

သူက တစ်ဦးတည်းသော သားဖြစ်ပြီး ငယ်ငယ်တည်းက မိဘနှင့်လည်း အရမ်း အနေနီးတာကြောင့်လည်းပါမည်။ အခုလို မျက်နှာချင်းတောင်မဆိုင်ကြတော့ သူ့မှာ မနေနိုင်။

‌မေမေ ၊ ဖေဖေနှင့်အတူ အမြဲ မနက်စာနှင့် ညစာ တူတူ စားနေခဲ့ကြရမှ ယခုဆို တိမ်ယံ တစ်ယောက်တည်း စားနေရတာ နှစ်ပတ်ကျော်ပြီ ဖြစ်သည်။ ပိတ်ရက်တွေမှာလည်း မေမေက အစောကြီး ထ၍ အိမ်သန့်ရှင်းရေး ပြုလုပ်ပြီး အပြင်ကို ဖေဖေနှင့် တူတူ ထွက်သွားနေတာကြောင့် မေမေနှင့် အတူတူ အိမ်သန့်ရှင်းရေးလည်း မလုပ်ရပေ။ ညဘက်တွေမှာလည်း အခန်းထဲမှ ထွက်မလာကြတဲ့ မေမေနှင့် ဖေဖေကြောင့် တီဗီလည်း တူတူ မကြည့်ရပေ။

ဒါတွေက တူတူ မလုပ်ရလည်း ဘာမှ မဖြစ်လောက်တဲ့ အရာတွေလို့ သူများတွေ ထင်ကောင်း ထင်နိုင်မလား မသိပေမဲ့ တိမ်ယံအတွက်တော့ အဆင်မပြေပါ။ တိမ်ယံ့မှာ ချစ်ရတဲ့သူ ဟူ၍ အနည်းငယ်လေးသာ ရှိသည်ကြောင့် ချစ်ရတဲ့ သူတွေနှင့် ယခုလို အသေးအဖွဲလေးတွေက အစ အတူတူ ပြုလုပ်ရတာကို ကြိုက်ပါသည်။ မိဘနှင့်ရော ချစ်ရပါသော ချစ်သူနှင့်ရော အတူတူပင်။

" ငါ့သား ... မဆင်းလာသေးဘူးလား ... ရုံးနောက်ကျတော့မယ်လေ "

တိမ်ယံ လှေကားထိပ်တွင် ရပ်ပြီး အတွေးဝေနေတုန်း ရုတ်တရက်ပင် မီးဖိုခန်းဘက်မှ ထွက်လာတဲ့ မေမေ့ရဲ့ အသံ။ တိမ်ယံ့ မျက်ဝန်းလေးတွင် အရင်ဆုံး ပြူးကျယ်သွားခဲ့ပြီး ထို့နောက်မှ တောက်ပလာခဲ့၏။ ပြီးနောက်တော့ တိမ်ယံသည် အမြန်ဆုံးသော အလျင်ဖြင့် မီးဖိုခန်းဘက်သို့ သွားလိုက်၏။

Nephophile ( Completed )Where stories live. Discover now