24

573 57 4
                                    

[Unicode]

ကုတင်ဘေး ‌ကြမ်းပြင်ပေါ် ဒူးလေးထောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အစ်ကို့ မျက်နှာလေးကို ကြည့်နေသည့် တိမ်ယံ့ နှုတ်ခမ်းပါးထပ် နူးနူးညံ့ညံ့ အပြုံးလေးက တွဲခိုလို့။

" အစ်ကိုက အိပ်နေတာတောင် အရမ်း ချောတာပဲ "

တိမ်ယံ တိုးတိုးလေး ပြောရင်း စိမ်းမြမြ မေးရိုးလေးကို လက်လေးနဲ့ တို့လိုက်မိ၏။ ထိမိရုံလေးသာ။ အနှောက်အယှက် ဖြစ်ပြီး နိုးသွားမှာလည်း စိုးသလို တိမ်ယံ ရင်ခုန်သောကြောင့်လည်း ပါသည်။

တိမ်ယံ အချိန် သတော်ကြာ အစ်ကို့အား ထိုင်ကြည့်နေပြီးနောက်မှ အပြင်တွင် နေထွက်လာသည်ကို မြင်ရ၍ ပြတင်းပေါက်လေးမှ လိုက်ကာလေးကို ဖယ်ပြီး ကြည့်လိုက်မိ၏။

မနက်ခင်း နေရောင်ခြည်အောင် ပြာလဲ့နေတဲ့ ပင်လယ်သည် လှပလွန်းစွာ။ အစ်ကို့ကြောင့် ကြည်လင်နေခဲ့သည့် စိတ်ကလေး ပိုကြည်သွားခြင်းနှင့်အတူ အစ်ကိုနိုးလာလျှင် ကမ်းခြေသို့ မြန်မြန်သွားနိုင်ရန် တိမ်ယံ ပြင်ဆင်ဖို့ လုပ်လိုက်၏။

သူတို့သည် မနေ့ညနေက ထွက်လာခဲ့ကြပြီး ကမ်းခြေကိုတော့ ဘယ်အချိန်က ရောက်မှန်း တိမ်ယံ သေချာ မသိပေ။ အကြောင်းကတော့ တစ်လမ်းလုံး သူက ကားမူးနေခဲ့ပြီး သူ့ခေါင်းလေးသည် အစ်ကို့ ပုခုံးပေါ်မှ မထောင်နိုင် ဖြစ်နေခဲ့သောကြောင့်။

ညနက်ပိုင်းတွင် ရောက်တာတော့ သိပေမဲ့ အချိန်ကိုတော့ သေချာ မသိပါ။ အစ်ကိုကတော့ ပြော၏။ သူကားမူးတတ်သည်ကိုသာ ကြို၍ ပြောခဲ့လျှင် ကိုယ်တိုင် ကားမောင်းလာမည်။ ထိုကဲ့သို့ဆိုလျှင် နားလိုက်သွားလိုက်နှင့် သက်သာနိုင်မည်ဟူ၍။

ဒါပေမဲ့ တိမ်ယံ သိသည်။ တိမ်ယံနှင့် အတူတူဆိုလျှင် အစ်ကိုက တိမ်ယံ့ကိုသာ အာရုံ စူးစိုက်ထားချင်ပြီး တစ်ခြား ဘာမှ မလုပ်ချင်ပါဟု အစ်ကို ကိုယ်တိုင် ပြောခဲ့သည်ပဲ။ ထို့အပြင် အစ်ကို ကားမောင်းပြီး ပင်ပန်းနေမှာလည်း စိုးရိမ်တာကြောင့် တိမ်ယံ မပြောခဲ့ခြင်း။

သို့ပေမဲ့လည်း မထူးဘူး ထင်ပါသည်။ တိမ်ယံ အဆင်မပြေတာ ကြည့်ပြီး အစ်ကို စိတ်ပင်ပန်းခဲ့ရသည်ပဲမလား။

Nephophile ( Completed )Tahanan ng mga kuwento. Tumuklas ngayon