13

672 71 2
                                    

[Unicode]

" အစ်ကို့ကို ဒီဆိုင်က ကြိုးကျစ် လက်ပတ်ကလေး ပေးချင်လို့ "

ကော်ဖီဆိုင် ဘေးတွင် ဖွင့်ထားသည့် ဒီကြိုးကျစ် ဆိုင်လေး အကြောင်းကိုလည်း ဆိုင်ကို Review ရေးပေးထားသည့် ပေ့ခ်ျမှ တိမ်ယံ တွေ့ထားတာ ဖြစ်သည်။

စတွေ့ချိန်တည်းက ထိုနေ့ သွားလျှင် အစ်ကို့အတွက် ကြိုးကျစ်လက်ပတ်ကလေးကို ကိုယ်တိုင် လုပ်ပေးမည်ဟု တွေးထားခဲ့တာဖြစ်သည်။

" တိမ်ယံ ရွေးပေးမှာလား "

ဆိုင်မှ ကြိုးကျစ်တွေ အများကြီးကို လှမ်းကြည့်ရင်း မေးလာတဲ့ အစ်ကို့ကို တိမ်ယံ ခေါင်းခါပြလိုက်၏။

" မဟုတ်ဘူးဗျ ... ကျွန်တော် ကိုယ်တိုင် ကျစ်ပေးမှာ "

အစ်ကိုသည် အံ့ဩသွားသလို လှည့်ကြည့်လာခဲ့ပြီးနောက် မေးလာသည်။

" တိမ်ယံ ကျစ်တတ်တယ်ပေါ့ "

" ကျွန်တော် ဗွီဒီယို ကြည့်ထားတယ်လေ ... အပြင်မှာတော့ မလုပ်ဖူးပါဘူး ... ဒါပေမဲ့ စိတ်မပူပါနဲ့ ... အဲ့ဆိုင်က ဦးလေးက သေချာ သင်ပေးတယ်တဲ့ ... ကျွန်တော် သွားမယ်နော် ... အစ်ကိုက ကားပေါ် သွားထိုင်နေပါလား ... အပြင်မှာ ပူတယ်လေ "

" ထိုင်စရာလားကွာ ... ကိုယ် တိမ်ယံ့ကို လိုက်စောင့်ပေးမှာပေါ့ ... ပြီးတော့ ရာသီဥတုကလည်း ဆောင်းရာသီနဲ့ လိုက်အောင် ထင်တယ် ... ဒီနေ့ သိပ်မပူပါဘူး "

" ဟုတ် အစ်ကို အဆင်ပြေတယ်ဆိုရင် ရတယ်ဗျ ... သွားကြရအောင် "

တိမ်ယံ ရှေ့မှ ဦးဆောင်၍ ဆိုင်နားသို့ သွားလိုက်ပြီး အစ်ကိုနှင့်အတူ ခုံပေါ်တွင် ကိုယ်စီ ဝင်ထိုင်လိုက်ကာ တိမ်ယံက ဆိုင်ရှင် ဦးလေးဆီမှ ကြိုးကျစ်နည်းကို ကြည့်လိုက်၍ စတင် လုပ်လိုက်၏။

" အစ်ကို ဘယ်လိုနေ ... အာ အစ်ကို ဓာတ်ပုံ ရိုက်နေတာလား "

တစ်ဝက်လောက်ပြီးတော့ တိမ်ယံ ဆိုင်ဘေးဘက်၌ ရပ်နေသည့် အစ်ကို့ကို လှမ်းပြချိန် ဓာတ်ပုံရိုက်နေသလို ဖုန်းကို ချိန်ထားသည့် အစ်ကိုကြောင့် တိမ်ယံမေးလိုက်သည်။

" ဟုတ်တယ် ... တိမ်ယံ ကိုယ့်အတွက် ကြိုးကျစ်ပေးနေတာဆိုပြီး အမှတ်တရပေါ့ ... တိမ်ယံ Upload လုပ်ချင်ရင်လည်း လုပ်လို့ရတယ်လေ "

Nephophile ( Completed )Where stories live. Discover now