15

707 72 4
                                    

[Unicode]

အလုပ်ရပ်ဆိုင်းခံရပြီးနောက် တိမ်ယံ့နေ့ရက်များက အစ်ကိုနေ့ စကားပြောရသည့် အချိန်မှလွဲ၍ ကျန်အချိန်များမှာ ခြောက်သွေ့စွာ။

တိမ်ယံက အလုပ်ကို အလွန့်အလွန် ချစ်မြတ်နိုးသူမျိုးတော့ မဟုတ်ပေမဲ့ အခုလို အလုပ်မရှိဘဲ နေရသည်ကိုလည်း နှစ်သက်သူလည်း မဟုတ်ဘူး။ ကြိုးစားခဲ့ရတာတွေရဲ့ ရလဒ်က ဒီလိုမျိုးလားလို့ တွေးမိတိုင်း အစ်ကို ပြောခဲ့သည်ကို ပြန်ကြားယောင်ပြီး ပိုမိုတော်လာဖို့ ခဏနားရခြင်း ဟူ၍ ဖြည့်တွေးရမြဲ။ ညဘက်တွေ အတွေးများ၍ စိတ်ဓာတ်ကျတိုင်းလည်း အစ်ကို့ပုံတွေကြည့်ပြီး အစ်ကိုနဲ့ ပြောထားသည့် စာတွေကို ပြန်ဖတ်၍ အားယူရမြဲ။

တကယ်တော့ အစ်ကိုက သူ့ကို အမြဲ အားအင် အသစ်တွေ ဖြစ်စေတဲ့ သူ့ရဲ့ ဗီတာမင်ပင်။

ယခုလည်း အစ်ကို လိုင်းမတက်လာသေး၍ အစ်ကိုနဲ့ ပြောထားတာတွေ ဝင်ဖတ်နေခြင်းဖြစ်သည်။ သို့သော်‌ စောင့်ရင်း ၉ နာရီကျော်လာသောအခါ တိမ်ယံ့မှာ စိတ်ပူလာရ၏။ အစ်ကိုက ဒီနေ့မှ နောက်ကျနေသောကြောင့်လေ။ အမြဲ ၈ နာရီကျော်ဆို လိုင်းတက်နေကျဖြစ်ပြီး နောက်ကျလျှင်တောင် ယခုလို ၉ နာရီကျော်သည်မျိုးတော့ မရှိ၍ပင်။

လူသွားလူလာ မရှိတဲ့ လမ်းကို ဝရန်တာမှ ကြည့်ရင်း ဖုန်းဆက်ကြည့်ရင်ကောင်းမလားလို့ တိမ်ယံ တွေးလိုက်ချိန်တွင် မီးစိမ်းလာတဲ့ အစ်ကို့ အကောင့်လေး။ ထို့တော့မှ တိမ်ယံ စိတ်အေး သက်ပြင်းချနိုင်၏။ ထို့နောက်တွင်တော့ ချက်ချင်းသွားမေးလိုက်၏။

" ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ အစ်ကို "

တိမ်ယံ စာပို့ပြီး နှစ်မိနစ် သုံးမိနစ်ထိ ပြန်စာမလာတာကြောင့် တိမ်ယံ အစ်ကိုနှင့်သူ့၏ Conservation ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတုန်း တင်ခဲတဲ့ My day ကို တင်လိုက်တဲ့ အစ်ကို။ တိမ်ယံ မျက်လုံးလေးတွေ ဝိုင်းသွားပြီး မြန်မြန်လေး နှိပ်၍ ကြည့်လိုက်၏။

" ဂီတာ တီးနေတာ ?? "

အမှန်ပင်။ အစ်ကိုက ဂီတာတီးနေခြင်း ဖြစ်သည်။ မျက်နှာကို မမြင်ရပေမဲ့လည်း ဗွီဒီယိုထဲတွင် တီရှပ်အနက်ရောင် လက်တိုကို ဝတ်ဆင်ထားသည့် သူ၏ ရင်အုပ်ကျယ်ကျယ် ၊ အကြောစိမ်းတွေ ယှက်ဖြာနေသည့်လက်ပေါ်တွင်ရှိသည့် တိမ်ယံ ကိုယ်တိုင် ကျစ်ပေးထားသော အနက်နှင့်အပြာဆက် ကြိုးကျစ်ကလေးနှင့် ဂီတာတီးနေသည့် လက်ချောင်းရှည်ရှည်များ အားလုံးသော အရာက တစ်ချက်ကြည့်ရုံနှင့် အစ်ကိုမှန်း သိသာစေတာကြောင့် ဗွီဒီယိုထဲက သူမှာ အစ်ကိုမှန်း တိမ်ယံ သိ၏။

Nephophile ( Completed )Opowieści tętniące życiem. Odkryj je teraz