26

561 57 4
                                    

[Unicode]

ထမင်းချိုင့် အိတ်လေးကို လက်တစ်ဖက်ကကိုင်ပြီး တစ်ဖက်က ဖိုင်တွေ ထည့်ထားသည့် အိတ်အရှည်လေးကို ကိုင်၍ လမ်းထဲသို့ ဝင်လာသည့် တိမ်ယံက ကိုယ့်အိမ်ဆီကို မသွားဘဲ ကိုယ့်အိမ်မရောက်ခင် ရောက်သည့် အစ်ကိုအိမ်ရှေ့တွင် ရပ်ကာ သော့ကို ထုတ်၍ ဖွင့်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။

" အစ်ကို့ကို တွေ့ချင်နေပြီ "

ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချရင်း ညည်းညူးမိ၏။ တအား ပင်ပန်းသည့် နေ့များတွင် အစ်ကိုသည်သာ သူ့၏ တစ်ခုတည်းသော အားတင်းရာ ဖြစ်သည်လေ။

တိမ်ယံ ခဏအကြာ ငိုင်နေမိရာမှ ယနေ့က သူတို့၏ 11 Monthversary ဖြစ်တာကို ပြန်သတိရသွားတာကြောင့် ခုံမှ ထလိုက်ပြီး အောက်ထပ်ရှိ ရေချိုးသန့်စင်ခန်းသို့ ဝင်ကာ ကိုယ့်ပုံစံကို အနည်းငယ် ပြုပြင်လိုက်၏။

သူတို့က ယနေ့ အမြဲလိုပင် A Cup Of Joy ၌ ကော်ဖီတစ်ခွက်သောက်ရင်း သူတို့၏ Monthversary အား ရိုးရှင်းစွာ Celebrate လုပ်ရန် စီစဉ်ခဲ့ကြတာဆိုပေမဲ့ တိမ်ယံ့ စိတ်အခြေအနေက လုံးဝကို အဆင်မပြေတာကြောင့် အစ်ကို့ ရင်ခွင်ထဲသာ ဝင်နေရင်း ယနေ့ကို ကုန်ဆုံးချင်တော့၏။ ထို့ကြောင့် အိမ်မှာသာ တွေ့ရန် အစီအစဥ်ပြောင်းလိုက်ခြင်းပင်။

" ကိုယ့် ချစ်သက်လေး "

တိမ်ယံ သန့်စင်ပြီး ထွက်လာချိန်တွင် အစ်ကို့ အသံအား ကြားလိုက်တာကြောင့် ‌အိမ်ရှေ့ တံခါးဆီသို့ အမြန်ဆုံး သွားလိုက်၏။

" အစ်ကို "

အဆင်မပြေတာကို အစ်ကို မသိအောင် ဖုံးကွယ်ထားဖို့ လုပ်ထားခဲ့ပေမဲ့ ဘယ်လိုလုပ်ရမလဲ။ အစ်ကို့ကို မြင်တာနဲ့ အတင်းအကြပ် ထိန်းချုပ်ခံထားရတဲ့ မျက်ရည်တွေက ကျဆင်းလာတယ်လေ။

ဒီတော့လည်း သူ့မှာ ဘာမှ မတတ်နိုင်ဘဲ ရင်ခွင်ကျယ်ထဲသို့ တိုးဝင်ရင်သာ အဆင်မပြေမှုများအား ရင်ခွင်ကျယ်၏ အနွေးဓာတ်ဖြင့် ပြေပျောက်စေရတော့၏။

" ဘာဖြစ်လို့လဲ တိမ်ယံ "

အစ်ကို့၏ အသံသြရှရှတွင် စိုးရိမ်နေမှုတွေက အထင်းသား။

Nephophile ( Completed )Where stories live. Discover now