7

753 72 2
                                    

[Unicode]

" ဆောရီး တိမ်ယံ ... ကိုယ့် မိတ်‌ဆွေရဲ့ အဖေ နေမကောင်းတာ ကိုယ့်ကို လာကြည့်ပေးဖို့ ဖုန်းဆက် အကူအညီတောင်းတာနဲ့ ချက်ချင်း သွားလိုက်ရလို့ တိမ်ယံ့ကို စာမပြန်ဖြစ်လိုက်တာ "

ညက သီချင်း‌နားထောင်ရင်းနှင့်ပင် အစောကြီး အိပ်ပျော်သွားခဲ့တဲ့ တိမ်ယံက အစ်ကို ရီပလိုင်းပြန်ထားသည့် ထိုစာကို မနက်မိုးလင်းစောစောတွင် တွေ့ခဲ့သည်။

" ချစ်ရသူရဲ့ စာနဲ့ နိုးထလာရတဲ့ မနက်ခင်းက ဒီလိုမျိုး သာယာလှပပါလား "

အိပ်ရေးဝနေတာကြောင့် မျက်နှာလေးကြည်ပြီး ချစ်ရသူရဲ့ စာကြောင့် မျက်လုံးလေးတွေ တောက်နေခဲ့တဲ့ တိမ်ယံက ပါးလေးတွေ မို့တက်သည့်အထိ ချစ်ဖို့ကောင်းစွာ ပြုံးနေခဲ့သည်။

" ရပါတယ် အစ်ကို ... အစ်ကိုက တစ်ယောက်တည်းနေတာဆိုတော့ အလုပ်များမှာပဲလို့တောင် ကျွန်တော် တွေးမိသေးတာ "

ထိုစာကို ပို့မိပြီးမှ တစ်ယောက်တည်းနေတာ သူဘယ်လိုသိလဲ မေးလာလျှင် ဖြေရမည်ကို တွေးမိသွား၏။

ဘာဖြစ်သလဲ။ ပြောပြလိုက်မှာပေါ့။ အစ်ကိုနဲ့ ကျွန်တော်က အိမ်နီးပြီး အစ်ကို့ရဲ့ သတင်းမွှေးမွှေးတွေက ရပ်ကွက်ထဲ ပျံ့နှံ့နေကြောင်း‌တွေ။

တွေးပြီး တိမ်ယံ အသံထွက်ရယ်လိုက်မိကာ ထ၍ လုပ်စရာရှိသည်များကို လုပ်လိုက်၏။

ထို့နောက် အောက်ဆင်း၍ မေမေပြင်ပေးထားသည့် မနက်စာကို စားကာ ရုံးသွားဖို့ စောသေးတာကြောင့် မေမေ့ကို အိမ်သန့်ရှင်းရေး ကူလုပ်ပေးလိုက်ပြီးနောက်မှ ရုံးသွားဖို့ ထမင်းချိုင့် ဆွဲ၍ ခြံထဲသို့ ထွက်လာခဲ့၏။

" မေမေ ... ကျွန်တော် သွားပြီနော် ... ညနေကျ မေမေကြိုက်တဲ့ ကိတ်ဝယ်‌ခဲ့မယ် ... ကျွန်တော် အဲ့ဆိုင်သွားမှာမို့လို့ "

" အေး သား ... မင်း အဖေကြိုက်တဲ့ ပဲပလာတာပါ လမ်းကြုံရင် ဝင်ဝယ်ခဲ့လိုက်နော် "

" ဟုတ်ကဲ့ မေမေ "

ဖေဖေ့အတွက်ပါ ထည့်မှာတဲ့ မေမေ့ကြောင့် တိမ်ယံ ပြုံးမိလိုက်ပြီး ရုံးသွားရန် စက်ဘီးပေါ်တက်လိုက်ပေမဲ့ အစ်ကိုများ စာပြန်ထားမလား သိချင်နေတာမို့လို့ ဖုန်းထုတ်ပြီး လိုင်းဖွင့်လိုက်သည်။

Nephophile ( Completed )Where stories live. Discover now