11

744 65 1
                                    

[Unicode]

အစ်ကိုက လာခေါ်မည်ဟု ပြောထား၍ ကိုယ့်ခြံရှေ့၌ ရပ်စောင့်နေတဲ့ တိမ်ယံက မနက်ခင်း နေရောင်ခြည်နုနုအောက်၌ တတ်ကြစွာ။

တိမ်ယံသည် Jeans အပြာလေးအား ခါးပတ် အနက်ရောင်လေးနှင့် ဝတ်ထားပြီး အင်္ကျီကတော့ တီရှပ် အဖြူ‌လေးပေါ်ကို ရှပ်‌လက်တို ဆင်စွယ်ရောင်လေးအား ကြယ်သီးဖွင့်၍ ထပ်ဝတ်ထား၏။

မွှေးညှင်းနုနုလေးတွေ ထင်းနေလေတဲ့ လက်ကောက်ဝတ်လေးတွင်တော့ နေရောင်အောက် အရောင်လဲ့နေသော ရိုးရှင်းသည့် ငွေရောင် Bracelet မျှင်မျှင်လေးကို ဝတ်ဆင်ထားပါသည်။

ဆံပင်အနက်ရောင်ကလေးအား အရင်လို အလယ်ခွဲထားသည်မဟုတ်ဘဲ နဖူးပေါ်သို့ မျက်ခုံးမွှေးနက်နက်ကလေးများ ဖုံးသည်အထိ အုပ်အုပ်ကလေး ချထားသည်ကြောင့် မျက်နှာနုနုလေးသည် နုသစ်မှုနှင့်အတူ ချစ်စဖွယ်။

ပါးပြင်မို့မို့လေးပေါ်တွင်တော့ ပြုံးရိပ်သန်းနေသည့် နှုတ်ခမ်းပါးလေးကြောင့် ပါးချိုင့်ကလေးက ထင်းပေါ်နေခဲ့၏။

တိမ်ယံတို့ သွားမည့်ဆိုင်သည့် ကားနှင့်သွားမည်ဆိုလျှင် ကားပိတ်သည်နှင့် အနည်းဆုံး ၁ နာရီနီးပါး သွားရမည် ဖြစ်သဖြင့် တိမ်ယံနှင့် အစ်ကိုသည် နံနက် ၉ နာရီခွဲတွေ့မည်ဟု ချိန်းထားသည်ပင်။

" တစ်မိနစ် တစ်မိနစ် ကုန်ဖို့ကလည်း ကြာလိုက်တာ ... ၉ နာရီ ခွဲဖို့ နောက်ထပ် ၅ မိနစ်‌ကြီးတောင် စောင့်ရအုံးမယ် "

ဖုန်းမျက်နှာပြင်ပေါ်၌ ပြနေတဲ့ ၉ နာရီ ၂၅ မိနစ်ဆိုတာကို ကြည့်ပြီး တိမ်ယံက စူပုတ်ပုတ်ဖြင့် ပြောလေ၏။

သို့သော်လည်း တိမ်ယံ့ ချစ်ရပါသောက တိမ်ယံ့ကို ထပ်မစောင့်စေတော့ဘဲ တစ်မိနစ်နေပြီး နောက်တွင်ပင် ရောက်လာခဲ့တော့သည်။

" နည်းနည်း နောက်ကျနေပြီ ဆိုပေမဲ့ မင်္ဂလာနံနက်ခင်းပါ တိမ်ယံ "

တောက်ပြောင်နေတဲ့ အနက်ရောင် ကားလေး တိမ်ယံ့ရှေ့၌ ရပ်သွားခြင်းနှင့်အတူ ကားမှန်လေးက ဖြည်းဖြည်းချင်း အောက်သို့ ကျသွားခဲ့ပြီး တိမ်ယံ အများကြီး လွမ်းနေရတဲ့ အစ်ကို့ မျက်နှာချောချောကို မြင်ရပါတော့၏။

Nephophile ( Completed )Where stories live. Discover now