Extra - 2

480 38 4
                                    

[Unicode]

" မမကြီးက ဘာလို့ တန်းပြီး ပြန်သွားတာလဲဟင် အစ်ကို "

မင်္ဂလာပွဲပြီးပြီးခြင်းတွင်ပင် ပြန်သွားတဲ့ မမကြီးတို့ကို နှုတ်ဆက်ပြီး ခြံတံခါး ဖွင့်ဝင်လာရင်း တိမ်ယံ အစ်ကို့ကို မေးလိုက်၏။

" ကိုမျိုးက စက်ရုံမှာ အလုပ်ရှိလို့တဲ့ ... မမကြီးကလည်း ကလေးတွေ စာမေးပွဲ နီးနေပြီမို့လို့ ပြန်သွားကြတာ ... ဘာဖြစ်လို့လဲ ... တိမ်ယံက မပြန်စေချင်သေးလို့လား "

" ဟုတ်တယ်ဗျ ... ကျွန်တော် မမကြီးကို ဘာမှတောင် ချက်မကျွေးရသေးဘူးကို "

စိတ်မကောင်းဖြစ်နေပုံရသည့် တိမ်ယံ့ကို အစ်ကိုက ပြုံးကြည့်ကာ ပြောသည်။

" အဲ့အတွက် မမကြီး ပြောသွားတယ် ... ပိတ်ရက် ရတာနဲ့ သူ့ဆီလာခဲ့တဲ့ ... အဲ့တော့မှ သူ့အိမ်မှာ ကိုယ့် ချစ်သက်လေး လက်ရာကို စားမယ်တဲ့ဗျာ "

" ဟုတ်လား ... ဒါဆို ကျွန်တော်တို့ ပိတ်ရက်ရတာနဲ့ သွားကြမယ်နော် "

" ဟုတ်ပါပြီဗျာ "

အစ်ကိုက တိမ်ယံ့ကို ဖြေရင်း အိမ်တံခါးကို ဖွင့်သည်။ ထို့နောက် တိမ်ယံ့ကို ကြည့်လာကာ ပြုံး၍ လက်ကမ်းပေး၏။

" ကိုယ်တို့ နှစ်ယောက်ရဲ့ အချစ်အိမ်လေးကနေ ကြိုဆိုပါတယ် ကိုယ့်အမျိုးသားလေး "

အခါပေါင်းများစွာ ရောက်ခဲ့ဖူးတဲ့ အိမ်ဖြစ်ပေမဲ့ ယနေ့က အစ်ကို့ရဲ့ အိမ်ထောင်ဖက်အနေနဲ့ အမြဲ ထာဝရ နေထိုင်သွားရန် ရောက်လာရတာမို့ တိမ်ယံ့ ရင်ထဲ တသိမ့်သိမ့် ဖြစ်နေခဲ့ချိန် အစ်ကိုက ထိုသို့ ကြိုဆိုကာ အခေါ်အဝေါ် အသစ်ကို အသုံးပြုလိုက်သည့်အတွက် တိမ်ယံ့ ရင်ထဲရှိ ခုန်လှုပ်မှုနှင့် ကြည်နူးမှုက နှစ်ဆ။

" ဟောဗျာ ဘာကြောင့် လက်တွေက ဒီလောက်တောင် အေးစက်နေရတာလဲ ... အပြင်မှာလည်း မအေးဘူးလေ "

ကမ်းပေးထားတဲ့ အစ်ကို့ လက်ပေါ်သို့ သူ့လက်ကလေးကို တင်လိုက်ချိန် အေးစက်နေတဲ့ သူ့လက်တွေကြောင့် အစ်ကိုက လက်နှစ်ဖက်ကို ဆွဲယူ ဆုပ်ကိုင်လာရင်း ပြော၏။

" ဟို ... အဲ့တာ "

တိမ်ယံ ဘယ်လို ဖြေရမလဲ မသိတော့။ ‌လက်တွေ အေးနေတာက ရာသီဥတုကြောင့် မဟုတ်ဘဲ သူ့စိတ်တွေ အရမ်းလှုပ်ရှားနေလို့လေ။ ဘာကြောင့် ဒီလောက်ထိ စိတ်လှုပ်ရှားနေရလဲ ဆိုရင်တော့ ...

Nephophile ( Completed )Where stories live. Discover now