17

672 70 6
                                    

[Unicode]

" တိမ်ယံ ဘာဖြစ်လို့လဲ "

The Breeze Clinic မှ အစ်ကိုရှိရာ အခန်းထဲသို့ ဝင်လိုက်ချိန် တိမ်ယံ့ကို ကြည့်၍ စိတ်ပူစွာ မေးလာတဲ့ အစ်ကို။

" အရင်ဆုံး သွေးပေါင်ချိန်ပြီး နားကြပ်နဲ့ စမ်းသပ်ကြည့်ပေးပါလား အစ်ကို "

တိမ်ယံက မျက်နှာလေးငယ်၍ အသံတိုးတိုးလေးဖြင့် ပြောလေတော့ အဖြူရောင် ဂျူတီကုတ်နှင့် သိပ်ကို ကြည့်ကောင်းနေသည့် အစ်ကိုက တိမ်ယံဘေးကို ရောက်လာပြီး ပုခုံးကိုပင် ထိန်းပေးလာသည်။

တိမ်ယံ သူ့ပုခုံးမှ အစ်ကို့ လက်ကို ကြည့်လိုက်ရင်း ခိုး‌ပြုံးလိုက်ပြီးနောက် လူနာကုတင်ပေါ်သို့ တက်လှဲလိုက်သည်။ ထို့နောက် နားကြပ်နှင့် စမ်းသပ်လာလေတဲ့ အစ်ကို။ တိမ်ယံသည် အစ်ကို သူ့နှလုံးခုန်သံကို စမ်းမည့် အချိန်ထိ စောင့်လိုက်ပြီး စမ်းသပ်လာလေတော့ အစ်ကို့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

" ကြားရလား အစ်ကို "

တိမ်ယံ မေးလိုက်တော့ အစ်ကိုသည် အာရုံ စူးစိုက်၍ နားထောင်နေရာမှ မျက်လွှာပင့်၍ ကြည့်လာသည်။

" ဂျူတီကုတ် အဖြူရောင်နဲ့ သိပ်ကြည့်ကောင်းနေတဲ့ အစ်ကို့ကြောင့် အခုန်မြန်နေတဲ့ ကျွန်တော့် နှလုံးသား သံစဉ်ကို ကြားရလား အစ်ကို "

တိမ်ယံ့ စကားကို ကြားသည်နှင့် စိုးရိမ်မှုတွေ ဝေနေခဲ့သည့် အစ်ကို့မျက်ဝန်းတွေသည် တဖြည်းဖြည်း ပြန်ကြည်လင်လာခဲ့ပြီး အစ်ကိုသည် အသံကို ပြန် အာရုံစူးစိုက်နေသကဲ့သို့ မျက်လွှာချသွား၍ ပြောလာခဲ့သည်။

" ကြားရတယ် တိမ်ယံ ... ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ကိုယ်က ဒီလို ရောဂါတွေ မကုတတ်ဘူး "

ကျီစယ်ရိပ်တွေ သန်းနေတဲ့ အစ်ကို့ အသံ။ စိတ်ပူအောင်လုပ်လို့ ပြန်ပြီး ဒီလို ကျီစယ်မှန်း တိမ်ယံ သိလိုက်၏။

ထို့တော့ တိမ်ယံလည်း ငုံ့မိုးကြည့်နေတဲ့ အစ်ကို့မျက်ဝန်းတွေကို စိုက်ကြည့်၍ ပြောလိုက်သည်။

" မကုတတ်လို့ မရဘူး အစ်ကို ... ဘာကြောင့်ဆို ကျွန်တော် ဖြစ်နေတဲ့ ဒီရောဂါက အစ်ကို တစ်ယောက်ပဲ ကုပေးနိုင်တဲ့ ရောဂါမို့လို့လေ "

Nephophile ( Completed )Where stories live. Discover now