10

776 73 2
                                    

[Unicode]

ဆောင်းဦးမှ ဆောင်းရာသီသို့ ရောက်ရှိလာသည်အထိ တိမ်ယံသည် အစ်ကိုနှင့် ယခုလိုမျိုးပင် လိုင်းပေါ်မှ အကြောင်းအ‌ရာ တိုက်ဆိုင်တိုင်း စကားပြောဖြစ်သလို မတိုက်ဆိုင်လျှင်လည်း အစ်ကိုက သူ့မိုင်ဒေးကို ရီပလိုင်း ပြန်လိုက် သူက တစ်ခါတရံမှ တင်တတ်တဲ့ အစ်ကို မိုင်ဒေးအား ရီပလိုင်းပြန်လိုက်နှင့် ရှိနေခဲ့ကြ၏။

တိမ်ယံ ရုံးတွင် အလုပ်များနေသည့်အတွက် A Cup Of Joy သို့လည်း မသွားဖြစ်ဘဲ ကျန်းမာရေးကလည်း ကောင်းနေတာကြောင့် အစ်ကို့ ဆေးခန်းသို့လည်း မသွားဖြစ်သဖြင့် အစ်ကိုနှင့်တော့ မတွေ့ရ။

သို့သော်လည်း အစ်ကိုက ရံဖန်ရံခါ Video Call ခေါ်တတ်တာကြောင့် အလွမ်းပြေရပါသည်။ အစ်ကိုသည် အလုပ်ပင်ပန်းလာသည့် နေ့ရက်များတွင် တိမ်ယံ စာများ‌ပို့ထားလျှင် စာမပြန်တော့ဘဲ Video Call ခေါ်ခြင်းပင်။

ဒီလို ရက်ရှည်ကြာ နေ့တိုင်း နီးပါး စကားပြောလာပြီးနောက် တိမ်ယံသည် အစ်ကိုနှင့် သတော်လေး နီးကပ်နေပြီဟု ခံစားမိ၏။ အစ်ကို့ရဲ့ တစ်နေ့တာကိုပင် သူသိနေပြီဖြစ်ပြီး အစ်ကို ကြိုက်သည် မကြိုက်သည်များကိုလည်း အစ်ကို ပြောပြသလောက်ကိုမှ အစ်ကို့ အကောင့်ကို နေ့တိုင်းစောင့်ကြည့်နေခြင်းပေါင်း၍ အများကြီး သိနေပြီ ဖြစ်၏။

အစ်ကိုလည်း ထပ်တူပင် ဖြစ်မည် ထင်၏။ သူက အစ်ကို သိချင်စေလို့ ဆိုသည့် ရည်ရွယ်ချက်ဖြင့် Share လိုက် ၊ တင်လိုက်သည့် ပို့စ်တိုင်း‌ နီးပါးတွင် အစ်ကို့ React က ပါဝင်နေခဲ့၏။

ဆောင်းဦးမှ ဆောင်းရာသီသို့ ကူးပြောင်းလာတဲ့ နေ့ရက်တိုင်းသည် တိမ်ယံ့အတွက် ပျော်ရွှင် ကြည်နူးမှုတွေ ပြည့်နှက်နေခဲ့ပါသည်။

ထိုသို့သော အရာများအနက် အဓိက အရေးကြီးဆုံးသော အရာမှာတော့ တိမ်ယံသည် အစ်ကို့အား စချစ်မိချိန်ကထပ် ပို၍ ချစ်လာခြင်းပင်။

သူ့နှလုံးသားထဲတွင် ရှိတဲ့ အစ်ကို့အတွက် ချစ်ခြင်းမေတ္တာတွေက နေ့ရက်တိုင်းကို တရိပ်ရိပ်တိုးနေခဲ့ပါ၏။

အစ်ကို ပြောသမျှ စကားတိုင်းကို သဘောကျမိပြီး အစ်ကို နှစ်သက်သမျှကို လိုက်၍ နှစ်သက်လာမိခဲ့သလို တိမ်ယံ သိပ်သဘောမကျသည့် မိုးစက်တွေကို အစ်ကိုက သဘောကျနှစ်သက်ပါသည် ဆိုသောကြောင့် တိမ်ယံပါ သဘောကျလာမိသည့်အထိပင်။

Nephophile ( Completed )Où les histoires vivent. Découvrez maintenant