25

620 61 8
                                    

[Unicode]

မနက်ခင်း အစောပိုင်း ဖြစ်တာကြောင့် ရေကူးကန်ထဲ၌ လူမရှိသလို အပင်‌လေးတွေ ကာရံထားသည့် ရေကူးကန် ဝန်းကျင်၌လည်း လူရှင်းနေလေ၏။

နေရောင်ခြည်နုနု ကျရောက်နေသည့် ရေကူးကန်ထဲတွင်တော့ ကြည့်ကောင်းစွာ လှုပ်ရှားကူးခတ်နေသည့် အစ်ကိုက ရှိနေပြီး တိမ်ယံကတော့ ထိုင်ခုံလေးမှာ မှီထိုင်ရင်း အစ်ကို့အား အကြည့်မလွှဲနိုင် ဖြစ်နေမိ၏။

အစ်ကိုသည် ရေကူးဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် တစ်မျိုးလေး ဆွဲဆောင်မှုရှိနေခဲ့ပြီး ဘောင်းဘီက အတိုနဲ့မို့ နုသစ်နေသလို ရင်အုပ်ကျယ်ကျယ်တွေ ထင်းနေပုံက ခန့်ညားနေ၏။

တိမ်ယံကတော့ ရေကူးဝတ်စုံ မပါလာခဲ့သည်ကြောင့် ရိုးရိုး တီရှပ်အနက်နှင့် ဘောင်းဘီ အဖြူအရှည်လေးကိုသာ ဝတ်ဆင်ထား၏။

ခုံမှာ ထိုင်နေရသည့် အကြောင်းအရင်းကတော့ အစ်ကို့ကို ယခုလို ထိုင်ကြည့်ချင်လို့ပင်။ အစ်ကို့ကို ပြောလိုက်တာက အစ်ကို့ကို ကြည့်၍ သင်ယူမည်ဟု ဖြစ်ပေမဲ့ တကယ်တွင်တော့ တိမ်ယံသည် အစ်ကို့ လှုပ်ရှားမှုတွေကို ကြည့်ရင်း ရင်ခုန်နေခဲ့သည်။

လက်နှင့် ပုခုံးများ လှုပ်ရှားသွားချိန်၌ တောင့်တင်းစွာ ထွက်ပေါ်လာသည့် လက်မောင်းကြွက်သားများနှင့် ရင်အုပ်ရှိ ကြွက်သားများက တကယ်ကို ကြည့်ကောင်းလွန်းသည်။

ကိုယ့်ကိုယ်ကိုယ် နှာဘူးဖြစ်နေပြီလားလို့ တွေး၍ ရှက်ပေမဲ့လည်း အစ်ကိုက ဆွဲဆောင်မှု ရှိလွန်းနေသည်ကို။ ဒီတော့ ကိုယ့်လူကိုယ် နှာဘူးတာ ရှက်စလားလေနော်။

သူတွေးနေတုန်း အစ်ကိုက ရေထဲမှ တက်လာတာကြောင့် သူ ကြည့်လိုက်မိ၏။

အစ်ကိုသည် နဖူးပေါ် ကျနေသည့် ရေစိုနေသော ဆံပင်တွေကို လက်ဖြင့် သပ်တင်ပြီးနောက် တိမ်ယံ့ကို ကြည့်ကာ ပြုံး၍ လျှောက်လာလေ၏။

ဒုတ် ဒုတ် ဒုတ် !!

ရင်အခုန်လွန်၍ ရူးတော့မည်ပင်။ အစ်ကိုက အရမ်းကို ဆွဲဆောင်မှုရှိလွန်းနေ၏။ တိမ်ယံတွေးလိုက်မိသည်။ ပြေးသွားကာ အစ်ကို့ကို တင်းတင်းကြပ်ကြပ် ဖက်ထားပစ်လိုက်ရင် ကောင်းမည်လား။

Nephophile ( Completed )Where stories live. Discover now