အခန်း(၁)

4.4K 147 0
                                    

"ချလွင် ... ချလွင် ..."

ဆိုင်တံခါးဝမှ အလှဆင်တပ်ထားသည့် ခေါင်းလောင်းအသေးလေးများရဲ့ လှုပ်ရမ်းမှုနှင့်အတူ အသံပါ တပြိုင်နက်တည်းထွက်လာ၏။ ထို့နောက်တော့ ဂျူတီကုတ်ကိုယ်စီကို လက်မောင်းပေါ်တင်ထားကာ
မြန်မာဝမ်းဆက်ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ယောက် ဆိုင်ထဲသို့ဝင်လာသည်။

"ပင်ပန်းလိုက်တာ မေရယ်...ငါတော့ ဒီနေ့တနေကုန် နင်လာမှအနားပဲ"

"နင်တို့ဘက်လူနာအရမ်းကျနေတာမလား။ မနက်ကလာကူဦးမလို့ပဲကို accident ဖြစ်တဲ့လူနာတစ်ယောက်ရောက်လာလို့လေ။ အဲ့ဒါနဲ့ပဲ မလာဖြစ်လိုက်တာဆိုပါတော့"

"အထိအခိုက်အရမ်းများလို့လား"

ဂျာဆိုင်းကစကားပြောရင်းနှင့်ပင် စားပွဲဘေးကထိုင်ခုံတစ်လုံးကို ဆွဲယူထိုင်သောကြောင့် မေလည်း သူနှင့်မျက်နှာချင်းဆိုင်ခုံတွင်
နေရာယူလိုက်သည်။ ဂျာဆိုင်းနမ်ဆိုတာ မေနဲ့ဆေးကျောင်းစတက်ကတည်းက ယခုထိပေါင်းဖြစ်နေတဲ့သူပဲလေ။

"အရမ်းအများကြီးမဟုတ်ပေမယ့်လို့ ရပ်ဝေးကလာရတာဆိုတော့ ဦးခေါင်းထဲက သွေးနည်းနည်းခဲတော့မလိုဖြစ်နေပြီ။ အချိန်မှီရောက်လာတယ် ပြောရမှာပဲ။ ဒီ့ထက်နောက်ကျရင်တော့ စိုးရိမ်ရနိုင်တယ်"

"အင်း....ငါတို့ဘက်ကလည်း နယ်မြို့လေးလိုဖြစ်နေတော့ ဆေးရုံဆေးခန်းနည်းတာ မကောင်းဘူးရယ်။ တစ်ခုခုဆို နယ်ဝေးကလူတွေက ဒီအထိလာနေရတာ မလွယ်ဘူး"

ဂျာဆိုင်းအပြောကို ခေါင်းငြိမ့်ပြလိုက်ပြီးမကြာမီ ဝိတ်တာကောင်မလေးရောက်လာသည်။

"မမေတောင်ဆိုင်ဘက်ရောက်မလာတာ ကြာပြီနော်။ ဟိုတနေ့ကတင် တီလေးသက်ပြောနေသံကြားတယ်။ အလုပ်ဝင်နေရပြီဆို"

"ဟုတ်တယ် ညီမလေး။ ဒါနဲ့ တီလေးကော မတွေ့ပါလား"

"စောနကတင် အပြင်ထွက်သွားတာ မမ။ ပြောစရာရှိရင် ညီမကိုပြောခဲ့လေ"

"​ရတယ်နော်..ဒီတိုင်းမတွေ့လို့မေးကြည့်တာ"

"ဟုတ်ကဲ့...ပုံမှန်လို vanilla ပူပူလေးပဲလား"

ကျူးသစ္စာရိပ်Where stories live. Discover now