အခန်း(၈)

1.1K 119 0
                                    

"မင်းညိုရယ် မပြန်သေးဘူးလား။ ဒီမှာ ခြေထောက်တွေလည်းညောင်းလှပြီ"

အလုပ်နားရက်ဖြစ်တာကြောင့် သူရှိတုန်း အိမ်ဖို့လိုအပ်တာတွေ ဝယ်ပေးချင်လို့ဆိုတာကြောင့် ဈေးလေးတစ်ခါလာမိပါတယ်။ သူ့လက်ထဲမှာလည်း အထုပ်တွေအပြည့်ဖြစ်နေပေါ့ကို အခုထိမပြန်နိုင်သေး။

"ခဏနေပါဦး ကျူးရိပ်ရဲ့။ အအေးပုလင်းနဲ့ ပေါင်မုန့်လေးတွေ ဝယ်ပြီးရင်ပြီးပါပြီ။ နင်က ဟင်းကျတော့လည်း ကိုယ်တိုင်ချက်စားချင်တာမဟုတ်ဘူး"

ဘေးကနေခနဲ့နေတဲ့ မင်းညိုကိုမျက်စောင်းထိုးလိုက်တော့ ဒင်းကမျက်လုံးတစ်ဖက် မှိတ်ပြပြီး စတိုးဆိုင်ထဲဝင်သွားတော့သည်။ ကျူးရိပ်လည်းအထဲထိမလိုက်ချင်တာကြောင့် အပြင်မှာပဲ ရပ်စောင့်နေလိုက်၏။

"ဟင် .. အစ်မ"

စျေးဆိုင်ဘက်တွေ မျက်လုံးဝေ့ကြည့်တုန်း ဟိုအစ်မကိုတွေ့တာကြောင့် လှမ်းနှုတ်ဆက်မလို့ပြင်တုန်း အစ်မကလည်းဒီဘက်ကိုလှည့်ကြည့်လာတော့ ကွက်တိဖြစ်သွားလေပြီ။

"ကျူးရိပ် ဈေးလာဝယ်တာလား"

အစ်မရဲ့ဘေး၌ အသားဖြူဖြူ မဝတဝအန်တီတယောက်ပါလာသည်။ အစ်မနှင့် ရုပ်ချင်းအတော်ဆင်တာကြောင့် အစ်မရဲ့အမေဖြစ်လောက်မည်။

"ဟုတ် .. အန်တီ မင်္ဂလာပါ"

ဘေးကအန်တီ့ကိုကြည့်ပြီးတော့ အသက်အရွယ်ကိုပင် မခန့်မှန်းနိုင်လောက်အောင်ပင်။ အစ်မထက်ပင် အရပ်အနည်းငယ်သာပု၍ ဖော်ရွေမည့်ပုံလည်းဖြစ်သည်။

"မင်္ဂလာပါကွယ် .. သမီးမေရဲ့သူငယ်ချင်းလား"

"အသိညီမလေးပါ မေမေရဲ့။ ကျူးရိပ် တယောက်တည်းလား"

"ဟင့်အင် .. "

စကားဆက်ပြောရန်ပြင်တုန်း ဆိုင်ထဲကထွက်လာတဲ့ မင်းညိုကြောင့် အစ်မလည်း တယောက်တည်းမဟုတ်တာကို သိသွားတယ်ထင်ပါရဲ့။ မင်းညိုကအစ်မကို ခေါင်းငြိမ့်ကာ ပြုံးပြနှုတ်ဆက်တော့ အစ်မကပြန်ပြုံးပြသည်။

"ငါတစ်ခုမေ့နေတာ .. နင့်အစာအိမ်ဆေးကျန်သေးလား"

"ဟုတ်သားပဲ .. နင်ပြောမှသတိရတယ်။ အဲ့ဆေးကုန်နေတာကြာပြီ"

ကျူးသစ္စာရိပ်Where stories live. Discover now