အခန်း(၂၇)

2.5K 151 40
                                    

ဂျူတီကုတ်အား ဆွဲချွတ်ပြီး စားပွဲပေါ်သို့ပစ်တင်လိုက်သည်။
လက်ပင်မဆေးနိုင်သေးပဲ ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်၏။ ခရီးကပြန်လာကတည်းက ဆက်တိုက်ဆိုသလို ဂျူတီတွေဝင်ခဲ့တာကြောင့်လည်း လူကအတော်လေးပြိုင်းနေပြီ။

"သံပရာရည်လေး အမောပြေသောက်ဦး"

မေမော့ကြည့်တော့ သူငယ်ချင်းဖြစ်သူ ဂျာဆိုင်းပင်။ သံပရာရည်ခွက်အားလှမ်းယူကာ တကျိုက်တည်းမော့သောက်လိုက်တော့ ချဥ်အေးအေးအရသာလေးက လည်ချောင်းထဲ စီးဝင်သွားသည်။

"ကျေးဇူးနော် ဂျာဆိုင်း .. ငါတော့တော်တော်ဒေါင်းနေပြီ"

"နင့်ကြည့်ရတာသိသာပါတယ်။ ခဏနားဦး .. ငါ့ဂျူတီချိန်ရောက်ပြီဟ ငါသွားပြီ"

ဂျာဆိုင်းက ပြောပြောဆိုဆို နားနေခန်းမှထွက်သွားသည်။ ကုလားထိုင်နောက်မှီတွင် ပြန်မှီနေရင်း မျက်လုံးများကိုမှိတ်ချလိုက်တော့ အမှောင်ထုအစား အညိုရောင်တွေကိုသာ မြင်ရသည်။

"ဟူး ... "

တစ်ပတ်အတွင်းပြန်လာမည်ဆိုသည့်သူက တစ်ပတ်ကျော်သည်အထိ ပြန်ရောက်မလာခဲ့။ တကယ်ဆို နာရေးကိစ္စတွေက ဒီလောက်ထိတော့ မကြာတတ်ဘူးလေ။ သူ့မှာလည်း သူ့အကြောင်းရှိလို့နေမှာပါဟု တွေးမိသော်ငြား ရိပ်ကပြန်လာဖို့ကို စကားအစတောင်မချီတာမို့ စိတ်ပူမိသည်။
အနည်းဆုံးတော့ အကြောင်းပြချက်ကောင်း တစ်ခုမဟုတ် တစ်ခုလောက်ပေးသင့်သည်မလား။

လက်ပတ်ကနာရီကိုကြည်တော့ ပြန်ဖို့ပင် အတော်လေးနောက်ကျနေမှန်း သိရသည်။ ဂျူတီကုတ်ကို လက်တစ်ဖက်ပေါ်တင်လိုက်ကာ အခန်းထဲက ထွက်လာတော့ မြင်တွေ့နေကျ သူနာပြုလေးများနှင့် ဒေါက်တာအချို့ကို ပြုံးပြနှုတ်ဆက်ရသေး၏။ ကားပါကင်မှကားနားရောက်တော့ တံခါးဖွင့်ဖို့ရွယ်တုန်းမှာပဲ။

"ဝါး ... "

တခြားကားနောက်ကနေ ထွက်လာတဲ့အသံကြောင့် မေလန့်သွားကာ နောက်သို့လှည့်ကြည့်မိသည်။ ထို့နောက်တော့ မေ့ဆီကို တစ်လှမ်းချင်းလှမ်းလာနေတဲ့ အညိုရောင်ကမ္ဘာငယ်လေး။

ကျူးသစ္စာရိပ်Where stories live. Discover now