အခန်း(၂၃)

1.1K 117 2
                                    

မင်းညိုနဲ့ပန့်အပြင် ပါတာဆိုလို့ ယမုံတို့အတွဲပဲပါသည်။ ငါးယောက်ကအထက်တန်းအထိ တွဲသွားတွဲလာများသော်လည်း တက္ကသိုလ်ရောက်တော့ ယမုံနဲ့သားညီက ကျောင်းအတူတူဖြစ်တာကြောင့်ရယ် ကျူးရိပ်တို့နဲ့အနေဝေးတာကြောင့်သာ အရင်ကလောက် မတွေ့ဖြစ်တော့တာ။

"ကျူးရိပ် နင်ဒီပြန်ရောက်တာကို ငါ့ကိုတောင်မပြောဘူးနော်။ ငါ့မှာပန်ပြောမှသိရတယ်"

"လမ်းကြုံဝင်တဲ့သဘောမလို့ပါဟာ .. ကြာကြာနေဖြစ်မှာမှ မဟုတ်တာ"

မမြင်ရတဲ့လအနည်းငယ်အတွင်းမှာပင် မင်းညိုရဲ့ဆံပင်တွေက ဂုတ်ထောက်လုနီးပါးဖြစ်နေပြီ။ အစတည်းကသူက ဆံပင်ရှည်ထားရတာကြိုက်တာပဲ .. လိုက်တယ်တော့ ထင်ရပါတယ်။

"ဟေ့ကောင် .. မင်းဆံပင်ညှပ်ဖို့ မေ့နေပြန်ပြီလား"

သားညီက မင်းညိုဆီကို ထန်းရည်ခွက်လှမ်းပေးရင်း စကားဆိုသည်။

"မဟုတ်ပါဘူးကွာ။ အရမ်းမှမရှည်သေးတာ .. ဒီလောက်လေးတော့ ထားကြည့်ချင်လို့"

"နင်နဲ့မှမလိုက်တာ စာသိုက်ကြီးကျလို့"

အားလုံးသူတစ်ခွန်းငါတစ်ခွန်းပြောတုန်းက ဝင်မပြောတဲ့ပန်က အခုမှထပြောလာတော့ အကြည့်တွေအကုန်လုံး သူ့ဆီမှာပင်။
နည်းနည်းမူမမှန်တော့ပုံ ကြည့်ရတာတော့ များနေပြီထင်တယ်။

"အေးပါ .. ငါမနက်ဖြန် သွားညှပ်လိုက်မယ်"

အရင်ကဆို မတည့်အတူနေမမြင်ချောင်းကြည့် နှစ်ယောက်က အခုတော့ တယ်ဟုတ်နေပါလား။ ယမုံ့ကိုကြည့်တော့လည်း ကျူးရိပ်ကိုမျက်စပစ်ပြနေသည်။

"ဘာလဲဘာလဲ။ ငါမသိတာ ရှိသေးတာလား။ နင်တို့တွေ ဘာလျှိုထားကြတာလဲ"

"ဘာမှမဟုတ်ပါဘူး ဘာမှလဲလျှိုမထားဘူး။ စားစရာရှိတာစား သောက်စရာရှိတာသောက်"

မူးနေတဲ့တယောက်တင် မူပျက်နေတာမဟုတ်။ စာသိုက်ဆိုတဲ့ တယောက်ကပါ ရှက်ရမ်းရမ်းနေသလိုပင်။

"ယမုံတို့ရော ဒီမှာပဲအပြီးနေတော့မှာလား"

"အဲ့လိုတော့မနေဖြစ်လောက်ဘူး ကျူးရိပ်ရဲ့။ ဒီလကုန်ရင် မန်းလေးပြန်ရမှာ။ ငါတို့နှစ်ယောက်လုံး အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီက အင်တာဗျူးအောင်တယ်ပြောတယ်"

ကျူးသစ္စာရိပ်Where stories live. Discover now