အခန်း(၁၇)

1K 115 3
                                    

မနက်စောစော ဆေးရုံသွားဖို့အချိန်လည်း လိုနေသေးတာကြောင့် အိပ်ယာထဲမှာပဲမှေးနေတဲ့မေမှာ ဖုန်းသံကြောင့် မထမဖြစ်တော့တဲ့အခြေအနေကို ရောက်လာသည်။ စောစောစီးစီး မနက်ခင်းလေးမှာတင် မေ့အတွက်အပြုံးတစ်ခုစတင်ခဲ့တာပါပဲ။

"ဟယ်လို"

"ကူး အိပ်တုန်းလား။ ကျူးရိပ်ကမသိလိုက်လို့ပါ ကူးရယ်။ ဒါဆိုနောက်မှပြန်ဆက်မယ်နော်"

"ရပါတယ် အရိပ်ရဲ့ .. မဟုတ်လည်း တို့ဆေးရုံသွားဖို့ ပြင်ရတော့မှာလေ။ အစောကြီးတောင် မဆက်စဖူးတက်တယ်ဆိုတော့ ပြောစရာရှိတယ်ဟုတ်"

"အင်း .. ကူးတို့ဘယ်နေ့လောက်သွားမှာလဲ"

"လာမယ့်ဆန်းဒေးလို့ ပြောသံကြားတယ်။ ဘာလို့လဲ .. အရိပ်လိုက်ချင်လို့လား"

"ဟုတ် ... ကူးမရှိပဲနေရမှာထက်စာရင်တော့ တော်သေးတာမို့ လိုက်ရင်ကောင်းမလားလို့ပါပဲ"

မနက်စောစောရင်တုန်နေရတာဟာ အစာမရှိသေးလို့ပဲဖြစ်မှာပါလို့ မေ့ဘာသာဖြေသိမ့်ရတယ်။

"ကူး တို့ အဆင်ပြေမှနော်။ လူအခက်အခဲရှိရင် ကျူးရိပ်နေခဲ့လို့လည်းရတယ်"

"အဆင်ပြေမှာပါ .. ပြောကြည့်ပြီးရင် အရိပ်ကို တို့ပြန်ပြောမယ်လေနော်။ ဘာပဲဖြစ်ဖြစ် အခုလိုလိုက်ခဲ့ပေးတာကိုပဲ တို့ပျော်တယ်"

အို .. ဘာတွေပြောနေမိတာလဲ။

"ဘာလို့ပျော်တာလဲ ကူး .. "

ဒီတိုင်း စကားအဖြစ်သာ​ ပြောလိုက်ပေမယ့် အခုလိုကြီးအမေးခံရတော့ ဘယ်လိုဖြေရမှန်းမသိ။

"အို .. ပျော်တာပဲ .. ဘာလို့ပျော်ပျော်ပေါ့။ တို့ .. တို့ .. ဆေးရုံသွားဖို့ပြင်ရတော့မယ်။ ဒါပဲနော် .. "

အယောင်ယောင်အမှားမှားနှင့်ပင် ဖုန်းချမိတော့ တဖက်က ဘယ်လိုကျန်ခဲ့မယ်ဆိုတာကိုတော့ တွေးမိ၏။ မချစ်တာလည်းမဟုတ်ပဲနဲ့ ဝန်ခံရမှာကို ရှက်သလိုလို စိုးရိမ်သလိုလိုနှင့် ရင်ဖိုနေရသည်။ အမှန်တိုင်းပြောရရင်တော့ အရိပ်ပါတဲ့နေရာတိုင်းဟာ မေ့အတွက် ပျော်စရာချည်းပါပဲ။ ဒါတွေကိုလည်း တစ်နေ့တော့ သူသိအောင်ပြောပြပါဦးမည်။

ကျူးသစ္စာရိပ်Where stories live. Discover now