အခန်း(၂၅)

1.1K 114 7
                                    

ပြန်ဖို့အထုပ်အပိုးတွေပြင်ပြီးမှ ကားနားရောက်မလာသေးတဲ့ ရိပ်ကြောင့် သူ့အခန်းထဲကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒါပေမယ့် အချိန်ကိုက်ပဲ လက်ဆွဲအိတ်ကြီးကို မနိုင့်တနိုင်ဆွဲလာတဲ့ ချစ်ရသူကြောင့် မေ့မှာပြုံးရင်းပင် သူ့ဘေးသွားလိုက်ရ၏။

"ပန့်မာမီလေ တီခင်ကလက်ဆောင်တွေအများကြီး ထည့်ပေးနေလို့ နောက်ကျသွားတာ။ အားနာစရာကြီးကို ငြင်းလည်းမကောင်းတာနဲ့ .. "

အိတ်ကိုတစ်ဖက်ကနေ ကူဆွဲပေးပြီး နှစ်ယောက်သားကားရှိရာဆီ ဦးတည်လာလိုက်သည်။
ရုတ်တရက်ပဲ ရိပ်ရဲ့သူငယ်ချင်း မင်းညိုဆိုတဲ့ကောင်လေးဟာ ဝန်းထဲကို ခပ်သွက်သွက်ပြေးလာပြီး မေတို့ရှေ့ရောက်လာတဲ့ သူ့ပုံစံဟာ အတော်လေးမောဟိုက်နေသလို။

"ဟဲ့ ဘယ်လိုဖြစ်လို့ ဝရုန်းသုန်းကား .. "

ရိပ်ရဲ့စကားမဆုံးခင်မှာပဲ ဖွင့်ဟလာတဲ့မင်းညိုစကားကြောင့် တခြားဖက်ကနေကိုင်ဆွဲထားတဲ့ အိတ်ရဲ့ကြိုးလေး အောက်သို့လွတ်ကျသွားသည်။

"ဘယ် .. ဘယ်တုန်းကလဲ"

"ဒီမနက်ပဲ .. ဆေးရုံတက်နေရတာတော့ နည်းနည်းကြာပြီပြောတယ်"

အတူရှိခဲ့တဲ့အချိန်နည်းခဲ့သော်ငြား မိသားစုကို စွန့်ပစ်ခဲ့သူဖြစ်ပေမယ့် ဖခင်ဆိုသည့် ဂုဏ်ပုဒ်ကတော့ ရှိနေတုန်းပဲမလား။ ကျူးရိပ် ကူးဘက်ကို လှည့်ကြည့်တော့ နားလည်ပေးနိုင်သည့်အကြည့်များကို ဦးစွာတွေ့ရသည်။ ကျူးရိပ်ရဲ့ လက်ဖဝါးတစ်ဖက်ကို ဆွဲယူလိုက်ရင်း ထိုအမျိုးသမီးက ညင်သာစွာဆို၏။

"တို့ပါနေခဲ့ပေးမယ် .. "

ကျူးရိပ်ခေါင်းရမ်းလိုက်မိသည်။

"မဟုတ်တာ .. ရိပ်အဆင်ပြေပါတယ်ကူးရဲ့။ ရိပ်ကြောင့် ကူးရဲ့အလုပ်တွေ နှောင့်နှေးကုန်မှာမျိုး ရိပ်သဘောမကျပါဘူး။ အဲ့ဒါကြောင့် ရိပ်အတွက်ကို စိတ်ချနော်။ ဒီမှာ တစ်ပတ်လောက်တော့ ဆက်နေရမယ်ထင်တယ်။ ပြီးမှပြန်လာခဲ့မယ်နော် ကူး .. "

"ဖြစ်လို့လား .. "

စိုးရိမ်နေဟန်မျက်ဝန်းတွေထံမှ ဝမ်းနည်းမှုတွေကို အတိုင်းသားခံစားနေရပြီး နူးညံ့ညံ့လက်ဖဝါးတစ်စုံရဲ့နွေးထွေးမှုကြောင့် စောနကထက်တော့ နည်းနည်းအဆင်ပြေလာသည်ထင်ရ၏။

ကျူးသစ္စာရိပ်Where stories live. Discover now