အခန်း(၁၆)

1K 118 0
                                    

"ထုံးစံအတိုင်းvanillaပဲမလား မေ"

နောင်ရဲအပြောကို ခေါင်းငြိမ့်ပြမိသော်လည်း မေ့မျက်ဝန်းတွေကတော့ စာရွက်နဲ့ဖောင်တိုင်ကို လက်ဝါးတစ်ဖက်ပေါ်တင်ထားတဲ့ အရိပ်ဆီမှာပင်။ အရင်ကဆို Kitchen ခန်းထဲကတောင် မထွက်ရတဲ့လူက ထူးထူးခြားခြားပါလား။

"အဲဒီကောင်မလေးမဟုတ်လား မေ"

စားပွဲနားကနေထွက်ခွာသွားတဲ့ အရိပ်ကိုကြည့်ပြီး ဂျာဆိုင်းက အနားကပ်တာ တိုးတိုးလေးမေးသည်။

"အင်း"

"ဘာတွေပြောနေကြတာလဲ။ ငါတို့နှစ်ယောက်ကိုလည်း ပြောပြကြဦးလေ"

မျက်နှာချင်းဆိုင်ကနေ မြသွေးကဆိုလာသည်။ အညာသူပီပီ ဝါညက်သောအသားအရေနှင့် ပါးပေါ်လိမ်းကျံထားသည့် သနပ်ခါးပါးပါးလေးဟာလည်း လိုက်ဖက်ညီစွာ။

"မေ့တီလေးဆိုင်က အရသာတွေ ပို​ကောင်းလာကြောင်းပြောနေတာလေ။ ထားပါ .. ဒီမှာဘယ်နရက် နေကြမှာလဲ"

"တစ်ပတ်လောက်လို့တော့ မှန်းထားတာပဲ .. မသေချာသေးဘူး။ အကြီးပိုင်းထဲက နှစ်ယောက် သုံးယောက်လောက်ပါမယ်ထင်တယ်။ နိုင်ငံခြားသားပါမောက္ခတွေပါ ပါတော့ ခရီးစဥ်အတွက် guide တစ်ယောက်ပါဦးမယ်တဲ့"

မြသွေးနဲ့ဂျာဆိုင်းတို့ တစ်ယောက်တစ်ခွန်းစီ ထွေရာလေးပါးပြောနေကြသော်လည်း နောင်ရဲကတော့ မေ့အတွက် တစ်သျှူးယူပေးထားတာတို့ စားပွဲပေါ်ကို သုတ်ပေးတာတို့သာ လုပ်ပေးနေသည်။ မေ့အတွက် နောင်ရဲဆိုတာ ကျန်နှစ်ယောက်နည်းတူ သူငယ်ချင်းသာဖြစ်သောကြောင့် အခုလိုလုပ်ပေးနေတာတွေအတွက်လည်း နေရမခက်စေပါ။

"နင်တို့နှစ်ယောက်လည်း လိုက်ခဲ့ပါဟဲ့။ တခါတလေလေး လေးယောက်စုံရတာကို။ ဟိုဘက်ကပုဂ္ဂိုလ်ကလည်း ငါနဲ့မြို့နယ်ချင်းသာတူတာ .. ငါပင့်မှလာတာချည်းပဲလေ"

"အမယ် .. ငါငရဲကြီးတော့မယ်နော် နင်ပြောတာ။ ငါ့ဘာငါလာတဲ့အခါတွေကျ နင်ကအားလို့လား ပြော"

"တော်စမ်းပါ နောင်ရဲညီရယ်။ ငါ့နေရာမှာ မေသာဆိုရင် နင့်ဆေးရုံနင်တောင် ဒီဘက်လောက်ရောက်ဖြစ်မှာမဟုတ်ဘူး"

ကျူးသစ္စာရိပ်Where stories live. Discover now