အခန်း(၁၉)

1K 121 4
                                    

သီချင်းရဲ့တီးလုံးတွေကြားထဲက ထွက်လာတဲ့ အသံခပ်အုပ်အုပ်လေး။

"အင်း .. "

နားကြပ်ကိုဆွဲဖြုတ်လိုက်တော့ သီချင်းသံလည်း ပိတ်ရက်သားဖြစ်သွား၏။

"မတွေ့ရတာကြာပြီနော်။ နင်ကအပုန်းကောင်းလိုက်တာ"

ပန်ကကူးရဲ့နေရာမှာ ဝင်ထိုင်ပြီး ကျူးရိပ်ကိုစောင်းကြည့်နေသည်။ စိတ်နာခဲ့ရပေမယ့် မပြောနိုင်မဆိုနိုင်အထိတော့ ဖြစ်သွားကြတဲ့လူတွေမှ မဟုတ်တာ။

"မင်းညိုကိုမေးလိုက်တိုင်းလည်း စကားလွှဲနေတာချည်းပဲ။
နင်တို့နှစ်ယောက်က အရင်လို အတိုင်အဖောက်ညီနေကြတုန်း"

ဒီစကားအဆုံးမှာတော့ နှစ်ယောက်လုံးပြုံးတယ်ဆိုရုံ ပြုံးမိသွားသည်။ အတိတ်ကနာကျင်မှုတွေကိုတော့ ကိုယ်စီမေ့ထားရင်းလေ။

"အဆင်ပြေနေတယ်မလား"

ပန်ကကိုယ့်ဘက်ကိုကြည့်နေရင်းမှ တခြားဖက်ကို မျက်နှာလွှဲသွားတာကြောင့် မျက်နှာအရိပ်အကဲကိုတော့ မဖမ်းမိလိုက်ရပါ။

"​ငါနင့်ကိုမလိမ်ချင်ပါဘူး နွေ။ ဒါပေမယ့် ဒီအချိန်မှာမှ မပြေဘူးပြောရင်လည်း ငါ့အပြစ်ပဲမလား"

တိုးဖွဖွစကားသံရဲ့အဆုံးမှာ ကျူးရိပ်ရဲ့စိတ်တွေ အနည်းငယ်လေးလံသွားတာကိုတော့ ဝန်ခံရမည်။ ဘယ်လိုပဲဖြစ်ဖြစ် ထားခဲ့တဲ့လူက ဘာများမပြေစရာရှိလို့လဲ။

ထို့နောက်တော့ ကူးတို့ပြန်ရောက်လာ၍ စကားစပြတ်သွားပြီး ပန်ကသူ့ရဲ့အရင်နေရာကို ပြန်ပြောင်းထိုင်သည်။ ညနေစောင်းလောက်မှ ပခုက္ကူအဝင်ကိုရောက်ပြီး တာဝန်ကျတဲ့နေရာရောက်တော့ မိုးပင်ချုပ်နေပြီဖြစ်သည်။

နေဖို့ထိုင်ဖို့ကိစ္စများကို ရွာလူကြီးတွေက ကြိုစီစဥ်ပေးထားပြီးသားဖြစ်တာကြောင့် ရွာထဲရှိ အိမ်ငှားတင်သည့်အိမ်များတွင်ပင် နားကြရသည်။
ကူးနဲ့ကျူးရိပ်အပြင် ကူးရဲ့သူငယ်ချင်းအစ်မနှစ်ယောက်ရယ် ပန်ရယ်နဲ့အတူ နောက်ထပ်တစ်ယောက်သာလျှင် အိမ်တစ်လုံးထဲမှာ အတူတူနေရသည်။ အငှားအိမ်ဆိုပေမယ့် ကျယ်ကျယ်ဝန်းဝန်းလေးဖြစ်တဲ့အပြင် ရွာတွေထုံးစံအတိုင်း ခြံအကျယ်ကြီးနဲ့ဖြစ်သည်။

ကျူးသစ္စာရိပ်Where stories live. Discover now