အခန်း(၂၈)

1.2K 77 16
                                    

အမှန်ဆိုထိုနေ့က ဒီကိုပြန်လာတာ ကျူးရိပ်တစ်ယောက်တည်းမဟုတ်ပေ။ သူငယ်ချင်းငါးယောက်စုပြီး လျှောက်လည်ရန်စီစဥ်ထားသော်လည်း ယမုံတို့အတွဲမှာ သွားခါနီးမှအရေးအကြောင်းပေါ်လာတာကြောင့် မင်းညိုနှင့်ပန်သာ ကျူးရိပ်နှင့်ပါလာခြင်းဖြစ်သည်။

မင်းညိုကို ဒီမှာပဲတည်းဖို့ပြောသော်လည်း ဘာကိုရှက်မှန်းမသိရှက်နေပုံပင်။ မိန်းကလေးနှစ်ယောက်ကြား ကြားညှပ်မှာစိုးလို့လားတော့မသိ .. တည်းခိုခန်းမှာပဲ ငှားနေမယ်ပြောတာကြောင့် ကျူးရိပ်လည်းဆက်တော့မတားလိုက်ပါ။ ပန်ကရော .. ပန်ကတော့ ကျူးရိပ်နဲ့ပဲပေါ့။

မနေ့က ကူးပြန်ပြီးသွားမှ သူတို့ရောက်လာတာကြောင့် ဒီကိစ္စကိုတော့ ကူးကိုမပြောပြရသေးပေ။

"ဘာတွေတွေးနေတာလဲ"

ရေစိုနေတဲ့ဆံနွယ်တွေကို တဘက်စနဲ့သုတ်ရင်း ဆိုဖာပေါ်ဝင်ထိုင်လာတဲ့သူကြောင့် တွေးလက်စများကို ရပ်တန့်လိုက်သည်။

"ဒီတိုင်းပါပဲ။ နေရတာအဆင်ပြေလား"

အစိုတစ်ဝက် အခြောက်တစ်ဝက်ဖြစ်နေတဲ့ ဆံစတွေကို အနောက်ပို့လိုက်တော့ ပကတိကြည်လင်နေတဲ့ အညိုရောင်မျက်နှာထားကို တွေ့ရသည်။

"နင်ရှိတဲ့နေရာထက် ပိုအဆင်ပြေတဲ့နေရာဆိုတာ ငါ့အတွက်မရှိနိုင်ဘူးနွေ"

ကျူးရိပ်ရင်ထဲ သိမ့်ခနဲဖြစ်သွားသည်။ ပန်ဟာ အခုထိဒီခံစားချက်တွေကို သိမ်းဆည်းထားတုန်းပါပဲလား။
ကျူးရိပ်မှာ ကူးရှိနေတာကို သိနေပါရဲ့နဲ့လေ။

"အဲ့လောက်လည်း လန့်မသွားပါနဲ့။ သဘောပြောပြတဲ့ဟာကို ဖြစ်ပျက်နေလိုက်တာ .. "

သူပြောသည့်သဘောဆိုသည့် အဆင့်မှာပင်ရပ်နေလျှင် တော်ဦးမည်။ ထို့ထက်ပိုလာမည့်အရာများ ရှိခဲ့လျှင်လည်း ကျူးရိပ်အတွက် ချစ်ရသူနှင့်ရည်းစားဟောင်းကြား ရှုပ်ထွေးမှုများပင် ဖြစ်လာနိုင်၏။

.....

ညနေဂျူတီပြီးသည်နှင့် မေ့ရဲ့စိတ်များပိုမိုလန်းဆန်းနေတော့သည်။
သတိရခဲ့တာတွေကို အတိုးချရင်း တွေ့ရတော့မည်လေ။
အရိပ်ကို အသွားဆေးရုံရောက်ကြောင်းကို​ပဲ ပြောထားရသေးတာမို့ အပြန်ဝင်လာမယ်ဆိုတာ ကြိုမပြောထားတော့ပါဘူးလေ။ ထိုအစား အရင်ဆုံးကားလေးကို ပန်းဆိုင်ဘက်သို့ ဦးတည်မောင်းလာခဲ့သည်။ ဒီနေ့ဟာ မေတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့လေးပဲမလား ...

You've reached the end of published parts.

⏰ Last updated: Dec 03, 2023 ⏰

Add this story to your Library to get notified about new parts!

ကျူးသစ္စာရိပ်Where stories live. Discover now