အခန်း(၂၀)

1.1K 125 7
                                    

ဆေးကုနေတဲ့အဖွဲ့ထဲမှ ကူးကို ခပ်လှမ်းလှမ်းကနေ တချက်ကြည့်ကာ ကျူးရိပ်ပြုံးသွားမိသည်။ နေလဲကောင်းနေပြီဖြစ်တာကြောင့် ဒီအထိလိုက်ခဲ့ရဖို့ကို မနည်းပြောထားရတာမလား။  နူးညံ့ချိုသာလွန်းတဲ့ အပြုံးတွေနဲ့အတူ အသံချိုချိုလေးကြောင့်ပင် လူနာတွေရဲ့ ရောဂါ သုံးပုံတစ်ပုံလောက် တမ်းသက်သာမှာအမှန်။ ကိုယ့်အတွေးနှင့်ကိုယ် သဘောကျစွာ ပြုံးရယ်မိတော့ ဘေးမှာရှိတဲ့ပန်က လှည့်ကြည့်လာ၏။

"မမေကို အရမ်းသဘောကျတာပဲလား"

"သဘောကျတယ်ဆိုတာထက် ဘယ်လိုပြောရမလဲ။ ကူးကငါ့အတွက် တကယ့်ကိုအကြည်ဓာတ်လေး .. ကူးအကြောင်း တွေးမိရုံနဲ့ နွေးထွေးသွားစေတဲ့ သက်ရှိပန်းကလေးပဲ"

ရည်းစားဟောင်းကို လက်ရှိချစ်နေတဲ့သူအကြောင်း ပြောပြမိတာ ကြောင်တောင်တောင်နိုင်တယ်ဆိုပေမယ့် ပန်ကကျူးရိပ်အဖို့ သူငယ်ချင်းကောင်းဆိုတာလည်း ငြင်းမရတဲ့အမှန်တရားတစ်ခုဖြစ်နေပြန်သည်။

"သူလည်းနင့်အပေါ် မေတ္တာရှိနေတာထင်တယ်"

ပန့်စကားကြောင့် ကူးဘက်ကိုရုတ်တရက်လှည့်ကြည့်မိတော့ အကြည့်ချင်းဆုံတယ်ပဲ​ ပြောရမလား။ ကူးရဲ့မျက်ဝန်းတွေဆီကနေမှ ကျူးရိပ်အပေါ်သဘောထားကို
နည်းနည်းတော့ရိပ်မိပြီးသား ထင်တာပါပဲ။

"အရင်တုန်းက ချစ်မိရင်ပိုင်ဆိုင်ရဖို့ဆိုတဲ့
တဖက်သတ်အတ္တတွေရှိခဲ့တော့ နှစ်ဖက်စလုံးအတွက် ပူလောင်ခဲ့ရတယ်။ ကိုယ့်လူကိုဘေးမှာရှိနေစေချင်ရုံနဲ့ လက်လွှတ်ဖို့သတ္တိတွေ မရှိခဲ့ဘူး။ အခုအချိန်မှာ ငါလက်ခံထားတဲ့ချစ်ခြင်းဆိုတာက ကူးကိုပျော်နေစေချင်တဲ့ စိတ်တစ်ခုထဲရယ်ပဲ။ ငါစောနကပြောသလိုပေါ့ .. ပန်းလေးကို လှလွန်းလို့ သဘောကျလို့ဆိုပြီး ခူးယူလိုက်တာမျိုးတွေ ထပ်မလုပ်ချင်တော့ဘူး။ သူပွင့်လန်းနေတဲ့အချိန်မှာ သူ့အတွက် အထောက်အပံ့သေးသေးလေးဖြစ်ရရင်ကိုပဲ ငါကျေနပ်ပြီ"

"ငိုစရာတွေရှိလာတိုင်း ကလေးလိုပြေးလာနေကျလူက အခုတော့ အများကြီးရင့်ကျက်သွားတာပဲ"

မနီးမဝေး၌ရှိနေသော ကလေးမလေးနှစ်ယောက်ကို မြင်တော့ မေ့စိတ်ထဲ အမည်မသိသောတစ်ခုခု ဖြစ်နေတာတော့ မေကိုယ်တိုင်ကလွဲ မည်သူမျှသိမည်မဟုတ်ပေ။

ကျူးသစ္စာရိပ်Tempat cerita menjadi hidup. Temukan sekarang