အခန်း(၂၁)

1.1K 113 8
                                    

"ကူး .. တကယ်ပြောတာလား။ နေပါဦး နေပါဦး .. လိုင်လတ်ဆိုတော့ ကူးရဲ့အချစ်ဦးလို့ ပြောတာမလားဟင်။ ဒါ .. ကျူးရိပ်ကို အဖြေပေးတာလား ဟုတ်တယ်မလားကူး"

သိချင်စိတ်တို့နဲ့ တရစပ်မေးနေတဲ့အရိပ်ကို မေပြုံးသာပြလိုက်သည်။ ဒါကိုပဲ အနှီမိန်းကလေးက မျက်မှောင်ကြုတ်လျက်ကြည့်ရင်း မေ့ရဲ့လက်မောင်းတစ်ဖက်ကို သူ့လက်တွေနဲ့ ချည်နှောင်လာသည်။

"ရယ်ပဲရယ်မနေနဲ့လေ ကူးရာ .. ကူးပြောတာလေး ထပ်ကြားချင်လို့ နောက်တစ်ခေါက်လောက်ပဲလေ နော်လို့ ကူး .. "

"ကဲ ..  ဘုရားပေါ်ကြီးမှာကို"

သူ့ရဲ့လက်ဖမိုးလေးကို ခပ်ဖွဖွရိုက်လိုက်တော့ မှီတွယ်ထားတဲ့ပုခုံးထက်ကို သူ့ခေါင်းလေးပြိုကျလာသည်။ နဂိုကတည်းက အရပ်ချင်းသိပ်ကွာဟမနေတာကြောင့် တော်သေးတယ်ပြောရမယ်ပေါ့။

"ကူးကိုချစ်တယ်"

လေသံတိုးတိုးလေး .. လှိုင်းသံလေသံတွေကြားထဲမှ ရုတ်တရက်ထွက်ပေါ်လာတဲ့ တကယ့်ကိုတိုးဖွဖွလေးရယ်ပါ။
ဒါပေမယ့် မေ့ရဲ့နားထဲမှာသာမက နှလုံးသားထိပါ ကြားနိုင်လောက်သည့် အတိမ်အနက်မျိုးခံစားလိုက်ရသလိုပင်။ လက်ဖဝါးနှစ်ဖက်ကို ထပ်တူကျစေတော့ မေ့လက်တွေကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသည်။ သေချာပါပြီလေ .. ဒီလက်လေးဟာ ဒီသံသရာမှာ ဘယ်တော့မှလွှတ်မချရက်တော့မဲ့ ကျွန်မရဲ့လိုင်လတ်လေးဖြစ်ခဲ့ပြီ။

.....

"ဟိုကလေးမလေးနဲ့ သိတာကြာပြီလား မေ"

သုံးယောက်အခန်းဖြစ်တာကြောင့် မြသွေး၊ ဂျာဆိုင်းတို့နဲ့သာ အခန်းတူယူဖြစ်သည်။ အရိပ်ကတော့ သူတယောက်တည်းနေနေကျအခန်း ဒီမှာရှိတယ်ပြောတာပဲ။

"အရိပ်ကိုပြောတာလား"

"အင်းလေ .. နင်နဲ့တပူးပူးတတွဲတွဲနေတာဆိုလို့ သူပဲရှိတာကို"

"သိပ်တော့မကြာသေးဘူး။ တီလေးဆိုင်မှာ တွေ့ရင်းကနေမှ ရင်းနှီးသွားတာ"

မြသွေးက ဖတ်လက်စစာအုပ်ကိုပိတ်ရင်းမှ မေ့ရဲ့ကုတင်အစွန်းကိုလာထိုင်သည်။ ဂျာဆိုင်းက အလယ်မှာနေရာယူထားတာကြောင့် ဒီညတော့ စကားလက်ဆုံကျတော့မယ်ထင်ပါရဲ့။

ကျူးသစ္စာရိပ်Where stories live. Discover now