အခန်း(၅)

1.2K 116 0
                                    

အိမ်ပြန်ရောက်တော့လည်း ကျူးရိပ်များ ဖုန်းဆက်လေမလားဆိုပြီး ရင်တထိတ်ထိတ်ဖြစ်နေရတာ မေပါပဲ။ မေကိုယ်တိုင်က မသက်သာမှဖုန်းဆက်ဖို့ ပြောမိတာမှားတာ။ သူ့ဘာသူ သက်သာသာ၊ မသက်သာနေနေ အစ်မဆီဖုန်းဆက်ဦး  လို့ ပြောလိုက်ရင်ရသားနဲ့ကို။ ဒီ့ထက်စိုးရိမ်ရတာကတော့ အဲဲဒီကလေးမက မေ့ကိုအားနာပြီး ဗိုက်အနာခံနေမှာကိုပဲ။ ဒါကြောင့် နောက်ဆုံးတော့ ဖုန်းစဆက်ရသူက မေ ပဲ ဖြစ်သွားလေပြီ။

"ဟယ်လို .."

တစ်ဖက်ကကျူးရိပ်ရဲ့ ပုံမှန်အသံချိုချိုလေးကိုပဲ ကြားရတာကြောင့် တစ်ဝက်လောက်တော့ စိတ်ပူရသက်သာသွားသည်။

"မင်းသက်သာရဲ့လား သိချင်လို့ တို့ဆက်လိုက်တာ။ ဗိုက်နာနေသေးလား"

"ဟင့်အင် .. အစ်မ။ မနာတော့ဘူး"

"ဆန်ပြုတ်နဲ့ဆေးရော သောက်ရဲ့လား ကျူးရိပ်"

"သောက်ထားပါတယ် အစ်မရဲ့ .. စိတ်မပူနဲ့နော်"

"မနက်ဖြန်တစ်ရက် ထပ်အနားယူလိုက်ဦး။ လုံးဝအရှင်းသက်သာသေးတာလည်း မဟုတ်ပဲနဲ့"

"အာ .. ရပါတယ်။ ကျူးရိပ်အခုကို ဘာမှမဖြစ်တော့သလို နေကောင်းနေပါပြီ။ ဒီနေ့တောင် မသွားဖြစ်လို့ အားနာနေတာ"

"နားဆိုနားလိုက်ပေါ့ကွယ်။ ကိုယ့်ကျန်းမာရေးကိုပဲ ဂရုစိုက်စမ်းပါ။ တီလေးကတောင် အစ်မဖုန်းဆက်တုန်းက မင်းဒီလိုဖြစ်တာကို တော်တော်စိတ်မကောင်းဖြစ်နေတာ"

စဥ်းစားနေဟန်အသံတိတ်နေပြီးကာမှ စကားဆက်ပြော၏။

"အင်းပါ .. အစ်မကိုတကယ်ကျေးဇူးတင်ပါတယ်"

"အိမ်မှာတုန်းကလည်း ကျေးဇူးတင်ကြောင်း ပြောပြီးရောကိုနော်။ ဒါနဲ့ .. တို့လည်းမနက်ဖြန် အလုပ်နားထားတော့ မင်းအိမ်လာခဲ့လို့ရမလား။ တကယ်ကျေးဇူးတင်ရင် ဟိုတလောကမင်းဆီက ငှားထားတဲ့စာအုပ်ကို မင်းဖတ်ပြတာနားထောင်ချင်ရဲ့"

ဖုန်းစဆက်တုန်းကို ဒီလိုပြောမိဖို့ မစဥ်းစားထားတာအမှန်ပါ။ အခုမှဘယ်ကဘယ်လို ပြောထွက်သွားမှန်းလည်း မေကိုယ်တိုင်မသိတော့။

ကျူးသစ္စာရိပ်Where stories live. Discover now