အခန်း(၃)

1.2K 119 0
                                    

"ကျူးရိပ်ဆိုတာ .."

"ခဏနော် မမေ .. ညီမမေးကြည့်ပေးမယ်"

မေခေါင်းငြိမ့်ပြတော့ ထိုကောင်မလေးလည်း ဘေးကနေထွက်သွားလေ၏။ အတွေးထဲတခါတည်း ဝင်လာတာက ဟိုတနေ့က ကလေးမများဖြစ်နေမလားပေါ့။
စင်ပေါ်က စာအုပ်နေကို ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်အောင် စီနေရင်းမှ နောက်ကျောဘက်ဆီက စကားသံထွက်လာသည်။

"အစ်မ .. "

မေ့အတွေးတွေ မှန်သွားလေပြီ။

"အော် .. မင်းပဲ"

"ဟုတ် .. ဒီစာအုပ်ကိုပြောတာလားမသိဘူး"

အရင်နေ့ကတွေ့သည့်ပုံနှင့် မတူတာကတော့ အေပရွန်ကို ခါး၌စည်းထားသည့်ပုံရိပ်ပင်။ ဆံပင်ညိုညိုများကိုလည်း စည်းနှောင်ထားသေးသည်။ မျက်ဝန်းညိုတွေကတော့ စူးရှဆဲ။ ဟုတ်ပါသည်။ သူ့လက်ထဲက ကိုင်ထားသည့် စာအုပ်သေးလေးပင်။

"ဟုတ်တယ် .. တို့ရှာနေတာ ဒါလေးပဲ။ မင်းဆီက ခဏငှားလို့ရမလား။ တို့ဆိုင်ကပြန်တာနဲ့ တမ်းပေးပါမယ်"

"ဒီစာအုပ်က အခုလိုတထိုင်တည်း ဖတ်တာထက်စာရင် အေးအေးဆေးဆေးဖတ်မှ အရသာရှိတာ အစ်မရဲ့။ ပန်းလေးတွေရဲ့အဓိပ္ပာယ်က သိပ်နူးညံ့တယ်"

ပထမဆုံးအကြိမ်ပါပဲ။ မျက်ဝန်းညိုတွေရဲ့ သိမ်မွေ့မှုကိုခံစားမိတာ ဒါပထမဆုံးပဲ။

"အစ်မ ဖတ်ပြီးတဲ့အချိန်မှ ပြန်ပေးပါ။ အားမနာနဲ့"

"ဒါဆိုရင်တော့ မင်းကိုထပ်ကျေးဇူးတင်ရတော့မှာပဲ။ ဒါနဲ့ နာမည်က ကျူးရိပ်လား"

"ကျူးရိပ်နွေ  ပါ"

"မင်းကနာမည်ရော လူရော အလှလေးပဲနော် အဟင်း .."

ထိုကလေးမလေးက တချက်ပြုံးပြပြီးမှ 'အလုပ်သွားလုပ်ပါဦးမယ်' လို့ပြောပြီး ထွက်သွားလေသည်။
အပြုံးနဲ့ပိုလိုက်ဖက်တဲ့လူတွေက ဘာကြောင့်ပြုံးပြဖို့ကိုပင် တွန့်တိုနေရလဲ စဥ်းစားမရ။

စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကို လှန်လိုက်တယ်ဆိုရင်ပဲ
ကျူးရိပ်နွေ  လို့ရေးထားတဲ့ လက်ရေးစောင်းစောင်းလေးကို ညာဘက်ထောင့်နားမှာ တွေ့ရသည်။ လူတင်မဟုတ်ပဲ လက်ရေးကအစပါ ချစ်ဖို့ကောင်းကြောင်းတွေးမိတော့ မေ့ပါးတွေဟာနွေးခနဲ။

ကျူးသစ္စာရိပ်Where stories live. Discover now