အခန်း(၁၄)

1K 115 4
                                    

"ဒေါက် .. ဒေါက် .. "

တံခါးခေါက်သံကြောင့် ကွန်ပျူတာကြည့်နေရာမှ အကြည့်လွှဲလိုက်မိသည်။ ဂျာဆိုင်းဆိုရင် ဒီနားနေခန်းတံခါးကို ခေါက်နေမှာပင်မဟုတ်။

"ဝင်ခဲ့ပါ"

တံခါးကနေဝင်လာတဲ့သူ​ကို မြင်အပြီးမှာတော့ မေပင်အံ့သြသွားရသည်။

"အို .. အန်တီ .. ထိုင်ပါဦးရှင့်။ မေတစ်ခုခုသွားပြင်လိုက်မယ်နော်"

မတ်တပ်ရပ်နေဆဲမေ့လက်မောင်းတစ်ဖက်ကို အန်တီက ဖွဖွကိုင်လိုက်ပြီးမှ မေ့ကိုထိုင်စေသည်။

"နေပါစေသမီးရယ် .. ဘာမှပြင်မနေနဲ့။ အန်တီလည်း ပြောစရာလေးရှိလို့ပါ။ အန်တီ့ကိုအချိန်ခဏ ပေးလို့ရမလားသမီး"

"ဟုတ် အန်တီ။ မေလည်းခဏနေရင်ဂျူတီပြီးပါပြီ"

"အင်းကွယ် .. ဘယ်ကဘယ်လိုစပြောရမယ်တောင် မသိတော့ဘူး"

အနီရောင်ပါတိတ်စင်ကို အဖြူခံဇာအပါးအင်္ကျီနှင့် တွဲဝတ်ထားပုံက လူကြီးဆန်ပေမယ့် နုပျိုသယောင်ခံစားမိသည်။ တစ်ခုခုပြောဖို့ပြင်နေတာကြောင့် မေလည်းစကားမဆက်မိပေ။

"အန်တီ့သမီးလေးနဲ့ အသိတွေလားဟင် .. "

အရိပ်အကြောင်းပြောချင်လို့ မေ့ဆီရောက်လာမှန်းတော့ အနည်းငယ်ရိပ်မိပေမယ့် အန်တီ့သမီးလေးလို့ သုံးနှုန်းလိုက်ကတည်းက မေ့ရဲ့စိုးရိမ်စိတ်တွေ အနည်းငယ်တော့လျော့သွားရပါသည်။

"ကျူးရိပ်နဲ့သိတာ သိပ်မကြာသေးဘူးအန်တီ .. ပြီးတော့လေ အဲဒီနေ့ကအပြန်မှ အန်တီကသူ့မေမေဆိုတာ သိခဲ့တာပါ"

"အန်တီ့သမီးလေးအပေါ်မှာ အမေတစ်ယောက်တာဝန် လစ်ဟာခဲ့တာကိုတော့ အန်တီတကယ်စိတ်မကောင်းဖြစ်ရတယ်။ သမီးက ငယ်ငယ်ကတည်းက သူလိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ကလေးမဟုတ်ဘူးလေ။ တစ်ပါးသူကို အရမ်းထည့်စဥ်းစားပေးတတ်တဲ့ကလေးလေး။
ဒီလိုကလေးကိုမှကွယ် .. "

ပြောရင်းနှင့်ပင် ငိုသံပါလာသူကြောင့် မေလည်းဘာလုပ်ရမှန်းမသိ ထိတ်သွားရ၏။ ထိုနေ့တုန်းကလည်း သမီးဖြစ်သူငိုကြောင်းကို ပြောမိရင်တော့ စိတ်မကောင်းထပ်ဖြစ်တော့မှာအမှန်။

ကျူးသစ္စာရိပ်Where stories live. Discover now