အခန်း(၇)

1.1K 110 0
                                    

ဂျာဆိုင်းနဲ့ ဆိုင်ကိုရောက်သွားတော့ မိုးချုပ်လုဆဲဆဲဖြစ်၍ လူပင်အတော်ပါးနေပြီဖြစ်သည်။ မေတို့ကလွဲ နောက်နှစ်ဝိုင်းလောက်ပင် ရှိတော့သည်။ ကျူးရိပ်နှင့်တွေ့ချင်လို့ လာသည်ဖြစ်သော်လည်း သူ့အလုပ်က kitchen ထဲပဲအနေများတာကြောင့် တွေ့ဖြစ်ဖို့ကမသေချာ။ ဘေးကဂျာဆိုင်းပင် တပူပူတကျီကျီ လုပ်နေလေပြီ။

"မေ! ခေါ်လိုက်ပါဆို .. နင်ခေါ်ရင်လာမှာပဲကိုဟာ။စောင့်ရတာ နာရီဝက်မကတော့ဘူး"

"အမယ် .. အစကတည်းက ရှင့်ကိုပြောထားသားပဲ။ ဆိုင်သွားလည်း သူ့ကိုတွေ့ချင်မှတွေ့ရမှာပါလို့။ သူ့ဘာသူ အတင်းသွားမယ်ပြောပြီး ..။ အလုပ်ချိန်ကြီးကို သွားမနှောင့်ယှက်ပါနဲ့ဟယ်။ ခေါ်ရင်တောင် ခေါ်ပြီးဘာမှပြောစရာရှိတာမဟုတ်ဘူး"

လူတွေ့ချင်လို့ လိုက်လာတဲ့သူကတော့ မေ့ကို မျက်စောင်းတွေချည်းလှိမ့်ထိုးတော့သည်။ မေကလည်းမေပင်။ ဒီအထိတောင်လာပြီးခါမှ တွေ့လည်းတွေ့ချင်၊ မတွေ့လည်းမတွေ့ရဲနှင့်။

"ကျူးရိပ်နွေ နဲ့တွေ့ချင်လို့ပါ"

မေတို့ရဲ့ နောက်ကျောဘက်ကဝိုင်းရဲ့ အသံက မကျယ်လွန်းပေမဲ့ မေ့နားထဲဝယ် ကျယ်လောင်စွာဝင်ရောက်လာသည်။ ဂျာဆိုင်းလည်း ရိပ်မိသည်ထင်၏။ မေ့ရဲ့နောက်ဘက်၊ သူနဲ့မျက်နှာချင်းဆိုင်ကို လှမ်းကြည့်လိုက်သည်။

"ကောင်လေးတစ်ယောက်ပဲ .. "

ဂျာဆိုင်းအပြောမဆုံးခင်ကတည်းက နောက်ဘက်သို့ မေလှည့်ကြည့်ပြီးဖြစ်သည်။ ကျူးရိပ်နဲ့ရွယ်တူအရွယ်လောက်ပဲ။ ရုပ်ရည်က နိုင်ငံခြားသားနှင့်အတော်ဆင်သည်။ မျက်မှန်အဝိုင်းနှင့် လိုက်ဖက်စွာ နှုတ်ခမ်းမွေးစိမ်းဖန့်ဖန့်ကိုပင် အဝေးကနေ သတိပြုနိုင်လောက်သည်။

"ခဏစောင့်ဦးနော် မင်းညို .. ငါလုပ်လက်စလေးတွေ မပြတ်သေးလို့"

"ရတယ် .. အေးဆေးလုပ်။ ငါစောင့်နိုင်တယ်"

နောက်ဘက်လှည့်မကြည့်မိအောင် မေ့ကိုယ်မေ အရမ်းထိန်းချုပ်ထားရပြီး လွမ်းနေခဲ့ရတဲ့အသံလေးဟာ ကိုယ့်ကိုပြောနေတာမဟုတ်ဘူးတဲ့။

ကျူးသစ္စာရိပ်Wo Geschichten leben. Entdecke jetzt