အခန်း(၁၂)

1K 113 4
                                    

"ဒါပြီးရင် ဘယ်ဝင်စရာရှိသေးလဲအရိပ်။ မရှိရင် တို့မနက်စာတခုခုဝင်စားပြီး ပြန်ရအောင်"

နားရက်တိုင်းလိုလို ကျူးရိပ်နဲ့အတူရှိပေးတဲ့ ကူးဟာ ဒီနေ့လည်း ထိုကဲ့သို့ပင်။ မနက်စောစော ဈေးလာပြီး
တနေကုန်ကျူးရိပ်အိမ်မှာပဲ အချိန်ကုန်ကြမှာအမှန်။

"စာအုပ်ဆိုင်လေး ဝင်လိုက်ဦးမယ် ကူး။ ကူးကဆိုင်မှာပဲစောင့်နေလိုက်လေ။ ကျူးရိပ်ပြီးရင် အဲဒီကိုလာခဲ့မယ်"

"တို့ကမင်းကိုထားပြီး ဆိုင်မှာတစ်ယောက်တည်း စားနေရက်ပါ့မလား။ အတူတူမှသွားစားမှာပေါ့"

ကူးကခါးထောက်လျက်ကနေ ကျူးရိပ်ကို မျက်စောင်းလှမ်းထိုးတယ်။ နှစ်ယောက်စာတင်ဖြစ်၍ စျေးဝယ်စရာကသိပ်တော့မများ။

"ကူးပင်ပန်းမှာစိုးလို့ပါ"

"ဘယ်ဘက်မလဲ။ ဒီလမ်းကြားထဲမလား"

"ဟုတ်တယ် ကူး"

ဆိုင်ကိုရောက်တော့ ပါလာတဲ့အထုပ်အပိုးတွေကို ကောင်တာကအစ်ကိုက သူ့နားထားခဲ့ဖို့ ပြောတာကြောင့် စာအုပ်ရွေးဖို့ပိုအဆင်ပြေသွားသည်။ ဖတ်စရာမရှိတော့လို့သာ ထပ်ဝယ်ဖို့စိတ်ကူးထားသော်လည်း တကယ့်တကယ်ကျ ဘာရွေးလို့ရွေးရမယ်မသိ။

"ကူး ဘာရှာနေတာလဲ"

စာအုပ်ကိုနာမည်ဖတ်ကြည့်လိုက် ပြန်ချလိုက်လုပ်နေတဲ့သူအနားကို သွားမေးလိုက်၏။

"ဆရာမပုညခင်ရဲ့ ပုဂံကိုနောက်ခံထားပြီး ရေးထားတဲ့စာအုပ်လေ။ 'မကြွေပါနဲ့ ဆာကူရာ' အပြင်တခြားတစ်အုပ်ရှိသေးလားလို့"

ပုဂံဆိုသည့်အသံကြားတော့ ကျူးရိပ်ရင်ထဲ နွေးခနဲ။

"လက်ကျန်လရောင်  လား"

"ဟုတ်မယ်ထင်ရဲ့။ ဟိုတလောက review ပဲဖတ်လိုက်မိတာ .. နာမည်မကြည့်လိုက်ရဘူး"

"တွေ့ပြီ တွေ့ပြီ။ ဟုတ်တယ် .. အရိပ်ပြောတဲ့နာမည်ပဲ။ ဖတ်ဖူးသလား"

"အင်း .. "

ကူးကစာအုပ်ထဲကစာရွက်တွေကို တစ်ရွက်ချင်းလှန်ကြည့်နေသည်။ ဗိုက်ဆာနေတဲ့ကလေးတစ်ယောက် မုန့်စားလိုက်ရလို့ ပျော်နေသည့်မျက်နှာမျိုးလေးနှင့် စာအုပ်ကို မမှိတ်မသုန်ကြည့်နေလေ၏။

ကျူးသစ္စာရိပ်Where stories live. Discover now