အခန်း(၁၁)

1K 113 5
                                    

"ကူးရှေ့မှာ ဒီလိုပုံစံဖြစ်နေမိလို့ အားနာပါတယ်။ ကျူးရိပ် တကယ်မရည်ရွယ်ပါဘူး"

ကူးရဲ့ရင်ခွင်ထဲကထွက်ပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်လိုက်တယ်။ ကူးကကျူးရိပ်ရဲ့ လက်နှစ်ဖက်ကို သူ့လက်တွေနဲ့ဆွဲယူလိုက်ပြီး မြဲမြံစွာကိုင်ထားတယ်။

"အားနာစရာလူတွေလား .. ဟင် .. တို့တွေကအားနာစရာလား။ အမှန်တော့ တို့ အရိပ်ကို မငိုစေချင်ဘူးကွယ်။ ဒါပေမယ့် ငိုချလိုက်မှ စိတ်ပြေသွားမဲ့အရာတွေဆိုရင် ငိုချလိုက်။
တို့မင်းဘေးမှာ အမြဲရှိနေမှာမလို့ တို့ရှေ့မှာ အရိပ်ဘာကိုမှ ဖုံးထားစရာမလိုဘူး။ ဒဏ်ရာကတော့ လူတိုင်းမှာ ရှိတာပဲလေ။ တစ်ယောက်နဲ့တစ်ယောက် အတိမ်အနက်ချင်း မတူလို့သာပဲ။ ငိုတာရှက်စရာမှ မဟုတ်ပဲ အရိပ်ရဲ့"

ကူးဒီလိုတွေချော့ပြောနေမှ ပိုငိုချင်လာသည်။ ကိုယ့်ဘာကိုယ် ထိန်းရမယ်မှန်းတော့သိပေမယ့် အလုံးစုံကို ကူးကိုပြောပြချင်သည်။ ကူးရဲ့နှစ်သိမ့်မှုကိုလိုချင်သည်။ ကူးဟာကျူးရိပ်အတွက် ​ပန်းလေးတစ်ပွင့်ပဲ။

"မင်းသူငယ်ချင်းတွေက ချောချောလေးတွေပါလား"

ကူးကဘေးမှာထောင်ထားတဲ့ ဓာတ်ပုံကိုကြည့်ရင်းပြောသည်။ ဘွဲ့ယူတုန်းက ၃ယောက်အတူတူရိုက်ထားသည့်ပုံလေး။ မိသားစုအကြောင်း ဆက်မပြောစေချင်လို့ လမ်းကြောင်းလွှဲလိုက်မှန်း သိပါရဲ့။

"ဟိုတခါ မင်းညိုဆိုတာ ဒီကောင်လေးမလား"

ကူးကိုခေါင်းငြိမ့်ပြပြီး ပုံကိုထပ်ကြည့်လိုက်တော့ ဘွဲ့ဝတ်စုံနဲ့ ကောင်မလေးနှစ်ယောက်ရဲ့ဘေးမှာ မင်းညိုက သာမန်အဝတ်အစားဖြင့်။ ကျူးရိပ်တို့ဆီကို သူကတမင်လာခဲ့တာလေ။ ကျောင်းချင်းမတူတာကြောင့် မင်းညိုနဲ့ ဝတ်စုံမတူခဲ့တာပေါ့။

"ဘယ်ကျောင်းထွက်လဲ အရိပ်"

"နည်းပညာ"

ကျူးရိပ်ရဲ့အသံက ပြန်တော့တည်ငြိမ်လာပါပြီ။ တချက်တချက်နှာရှုံ့မိတာကလွဲရင် ငိုထားမှန်း သိပ်မသိသာတော့။

"ဟင် .. မင်းဘွဲ့နဲ့ဆို အခုလုပ်နေတဲ့နေရာထက် ပိုကောင်းတဲ့နေရာတွေ အများကြီးရှိတယ်လေ။ အင်ဂျင်နီယာ မလုပ်ချင်ဘူးလား"

ကျူးသစ္စာရိပ်Where stories live. Discover now