အခန်း(၂၂)

1.1K 117 6
                                    

"မေ ဘာအကြော်များများထည့်ခဲ့ရမလဲ။ မေ ဘာစားချင်လဲ"

ကူးရဲ့သူငယ်ချင်းတွေထဲက တစ်ယောက်တည်းသော ယောကျ်ားလေးရဲ့အသံဖြစ်သည်။ အဖွဲ့လိုက်လူကုန်နဲ့မဟုတ်ပဲ ကူးတို့လေးယောက်ရယ် ကျူးရိပ်နဲ့ပန်သာ။

"အော် .. ကျန်တဲ့လူတွေက ပါးစပ်မပါလို့ မမေးတာလား"

"ပြီးရင်မေးမှာပေါ့ .. နင့်မလည်းနော် ငါ့မပြောရရင် စားမဝင်အိပ်မပျော်များ ဖြစ်နေလား"

ထိုအစ်ကိုကြီးရဲ့စကားကြောင့် မဂျာဆိုင်းက မနိုင်ဘူး ဆိုတဲ့အကြည့်နဲ့ကြည့်ကာ ရယ်နေသည်။ ကူးနဲ့ကျူးရိပ်တွဲနေတာကို ဘယ်သူ့ကိုမှ မပြောပြထားသေးတာကြောင့် ကိုနောင်ရဲညီတော့ ကူးကိုမျှော်လင့်နေဦးမှာအမှန်ပင်။

"အကြော်စုံပဲ ထည့်ခဲ့လိုက်လေ .. အဲ့ဒါမှမကြိုက်တာရှိရင် တခြားဟာပြောင်းစားရမှာ"

"ဟုတ်ပြီ ဟုတ်ပြီ"

ပြုံးပြီး အကြော်ကြော်တဲ့နား ထထွက်သွားတဲ့သူနောက်ကို ကြည့်ရင်း ကူးကိုတော်တော်လေး ဂရုစိုက်မှန်း သတိထားမိသည်။ အခုမှမဟုတ် .. ခရီးစထွက်ကတည်းက သိသလိုတမျိုး မသိသလိုတမျိုး ကူးလိုအပ်တာတွေ လုပ်ပေးနေတာ။

"အမြင်ကပ်ဖို့ကောင်းချက်နော် .. ငါတို့ကျဘာမှမေးမသွားဘူး"

မမြသွေးတို့နှစ်ယောက်တော့ တိုးတိုးတိုးတိုးနဲ့ပြောနေရင်း သေချာပေါက်မေတ္တာပို့နေတော့မှာ။

"နွေ .. မနက်ဖြန်မင်းညို ဒီရောက်မယ်ပြောတယ်။ နင်ဒီမှာဆိုတာကို ငါပြောတာမယုံဘူးတဲ့။ သူနဲ့ပြောဖြစ်သေးလား"

"ဟင့်အင် .. နင်ပြောမှသိတာပဲ"

အကြော်သွားမှာတဲ့သူက ပြန်ရောက်လာပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့ကူးကို ခိုးခိုးကြည့်နေတာသိသော်လည်း မသိဟန်သာဆောင်နေလိုက်၏။ ခြောက်ယောက်စားပွဲဝိုင်းဖြစ်တာကြောင့် ကူးနဲ့ကျူးရိပ်ရဲ့မျက်နှာချင်းဆိုင်က မမြသွေးနဲ့ ကိုနောင်ရဲဖြစ်ပြီး ထောင့်စွန်းဘက်တွေမှာ ပန်နဲ့ မဂျာဆိုင်းဖြစ်သည်။

"ဒါဆိုမနက်ဖြန်အတွက် ယမုံတို့ကိုပါ လူစုထားလိုက်မယ်။
ငါတို့အကုန်စုပြီး မဆုံရတာကြာပြီဆိုတော့ တစ်ရက်လောက်ဒိတ်ရအောင်လေ။ ထန်းတောဘက်သွားကြမလား"

ကျူးသစ္စာရိပ်Donde viven las historias. Descúbrelo ahora