အသည်းကျော်၊ ပဲလှော်(U)

3K 144 12
                                    

(A.n: မဖတ်ကြမှာစိုးလို့ ထိပ်ဆုံးမှာ ထည့်လိုက်ပါတယ်။ မြန်မာ့ဇာတ်သဘင်ကို သဘောကျပေမယ့် ထဲထဲဝင်ဝင်တော့ မသိပါ။ ဤဇာတ်လမ်းတွင် ပါဝင်သည့် ဇာတ်သဘင်အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးစိတ်သန်းတာ ဖြစ်၍ တစ်စုံတစ်ရာ လွဲချော်ခဲ့လျှင် လေ့လာမှုအားနည်းသည့် စာရေးသူ၏ အမှားသာဖြစ်ပါသည်။ ‌)

*အသည်းကျော်၊ ပဲလှော်*

မဟာထွန်းဇာတ်သဘင်

သစ်သားပြားပေါ် လက်ရာမြောက်စွာ ထွင်းထားသည့် နာမည်ပြားသည် ဝန်းကြီးအဝ တံခါးတိုင်ဘေးတွင် ဝံ့ဝံ့ထည်ထည် ရှိနေသည်။

ဧကအတော်အသင့်ကျယ်သည့် ခြံဝန်းထဲ ရေနံဝနေသည့် အိမ်ကြီးရခိုင်သည် အလယ်တွင် ခမ်းနားစွာ တည်ရှိနေသည်။

ထိုအိမ်ကြီးရဲ့ ဘေးနားတစ်ဝိုက်တွင်တော့ အိမ်အစုစုလေးတွေ ဝန်းရံထားကာ သစ်ပင်ကြီးတို့ဖြင့်လည်း အုံ့စိုင်းနေသည်။

ပတ္တလားသံ၊ ဆိုင်းသံ၊ နှဲသံတို့က ခြံဝန်းကြီးအတွင်း ဆွတ်ပျံ့နေသည်။

ရပ်ဝေးက ငှားရမ်းလာသည့် အလှူမင်္ဂလာအတွက် မဟာထွန်းအဖွဲ့သားတို့ ကြိုတင်ပြင်ဆင်စရာရှိသည်တို့ ပြင်ဆင်ရင်း အကတိုက်၊ အတီးစမ်းလျက်ရှိနေသည်။

မပြေလည်ကြသည့် လူအသိုက်အဝန်းတွင် ကကြခုန်ကြရင်း နေပျော်နေကြသည့် သူတွေမို့ ဇာတ်သံကြားရရင်ကို ပြုံးပျော်နေကြသည်။

သူတို့၏ ဇာတ်ဆရာသည် သဘောထားပြည့်ဝစွာ စီမံခန့်ခွဲတတ်ကာ စည်းကမ်းအင်မတန်မှ ကြီးသည်။
ထို့ကြောင့်လည်း ပျော်သာပျော်သည် ၊ပေါ့ပေါ့တန်တန်တော့ ဘယ်သူမှ သတိမလွတ်‌ရဲကြပေ။

မြန်မာ့ရိုးရာသဘင်ကို အင်မတိအင်မတန်မြတ်နိုးသည့် မဟာထွန်းဇာတ်သဘင်၏ ပဲ့ကိုင်ရှင်ကား ဇာတ်ဆရာ ကိုဇမ္ဗူထွန်းပင် ဖြစ်သည်။

အသက်အားဖြင့် သုံးဆယ်တန်းဝင်နေပေမယ့် ကြည်လင်ပြီး နုပျိုသည့် ရုပ်ဆင်းရူပကာကြောင့် နှစ်ဆယ်ကျော်ဟုပင် ထင်မှတ်မှားစေသည်။

ဆယ်ကျော်သက်ကလေးမတွေ ကစပြီး ခြောက်ဆယ်တန်းနီးသည့် အဘွားအရွယ်တွေထိ ဇမ္ဗူထွန်း၏ အနုပညာဓာတ်က လွှမ်းမိုးနိုင်သည်။

SpringWhere stories live. Discover now