Description

21K 1K 87
                                    

Unicode

ချန်ကျစ်ချူးခမျာ အဆုံးမဲ့ သည်းထိတ်ရင်ဖို ကစားပွဲတွေထဲ ဆွဲခေါ်ခံလိုက်ရရှာတယ်။ ဂိမ်းတွေကို မရှင်းလင်းနိုင်ရင် သူ သေရတော့မယ်တဲ့။

ဒါပေမဲ့ တစ်ယောက်ယောက် ပြောပြပေးနိုင်မလားဟင်..? ဂိမ်းကိုအနိုင်ယူဖို့ တခြားလူတွေ အပြင်းအထန် ကြိုးစားနေတဲ့အချိန် သူ့ရဲ့ ဂိမ်းကိုအနိုင်ယူနိုင်မယ့်နည်းက ဘယ်လိုဖြစ်လို့ Boss ကိုနမ်းရမှာ ဖြစ်နေရတာလဲ..?

ချန်ကျစ်ချူး : “ငါက အဖြောင့်ဟ.. ငါ့ကိုယ်ငါ သတ်သေရင်သတ်သေ.. ဒါမှမဟုတ် မကောင်းဆိုးဝါးတွေကြောင့် သေရမယ်ဆိုရင်တောင် Boss ကို မနမ်းနိုင်ဘူး..!”

Boss : “လိမ္မာစမ်းပါကွာ.. ကိုယ့်ကိုနမ်းရင် လွှတ်ပေးမယ်..”

***

ပိုင်ရိက ဂိမ်းထဲမှာ နှစ်ပေါင်းအတော်ကြာအောင် ပိတ်မိနေခဲ့တယ်။

တိတ်ဆိတ်ခြင်းများအလယ် ဒေါသပေါက်ကွဲနေမယ့်အစား သူဟာ ရူးသွပ်သွားတော့တယ်။ ဒီလိုနဲ့… သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တယ်။ သူ့ရဲ့ဝိဉာဉ်က အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး ကစားပွဲတွေရဲ့ Boss ဖြစ်လာတော့တယ်။

ဒါပေမဲ့ ဘယ်လိုပဲ ဝိဉာဉ်တွေ ကွဲထွက်သွားပါစေ၊ အစကနေအဆုံးထိ မပြောင်းလဲတဲ့အချက်က - သူ.. ချန်ကျစ်ချူးကို ချစ်တယ်ဆိုတာပဲ။

ဝိဉာဉ်အစိတ်အပိုင်း တစ်ခုချင်းစီက ချန်ကျစ်ချူးကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြလေတယ်။

အဲ့တာကြောင့်ပဲ သူနဲ့ သူ့ရဲ့ဝိဉာဉ်အစိတ်အပိုင်းတွေအားလုံးက ချန်ကျစ်ချူးအနား ဘယ်သူပဲကပ်ကပ်၊ အဲ့လူက သူကိုယ်တိုင်ရဲ့ အစိတ်အပိုင်းဖြစ်နေရင်တောင် ကြည့်မရတော့ဘူး။

တဖြည်းဖြည်းနဲ့ သူ့ရဲ့နှလုံးသားထဲ စိတ်ရိုင်းတွေ ကြွတက်လာခဲ့တယ်။

သူနဲ့ ချန်ကျစ်ချူးကြား ဝင်ရှုပ်တဲ့ ဘယ်သူမဆို…. အဲ့လူက သူကိုယ်တိုင် ဖြစ်နေရင်တောင်… အကုန်လုံးကို သတ်ပစ်မယ်..!

“မင်းတကယ်နမ်းရမယ့်လူက… ကိုယ်ပဲ..”

……………………………………………………

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now