34

2K 419 24
                                    

Unicode

အခန်း - (၃၄)

ချန်ကျစ်ချူးတစ်ယောက် နောက်ဆုံးတော့ ရည်းစားဦး,လေး ရခဲ့ချေပြီ။

ကုကျန်းကို Good Night ပြောပြီးနောက် ချန်ကျစ်ချူးသည် အိပ်ရာပေါ်တွင် တစ်ညလုံး လူးလိမ့်နေလေ၏။ စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်ခဲ့ချေ။ အမြဲတစေ ကောင်းကောင်းအိပ်ပျော်ခဲ့သော်လည်း ယခုတော့ အိပ်မပျော်နိုင်ဖြစ်နေပြီး ခုနကဖြစ်ရပ်ကိုသာ ထပ်တလဲလဲ ပြန်တွေးနေမိသည်။

အတော်ကြာအောင် လျှောက်တွေးပြီးနောက် အဖြေတစ်ခုရလိုက်သည်။ ဤဆက်ဆံရေးတွင် သူက တကယ့်ကို ပြုသမျှနုနေရပြီး ချစ်ခွင့်ပန်ရမည့်ကိစ္စကိုပင် ကုကျန်းက လုပ်ဆောင်သွားသည်။

ကုကျန်းဘက်မှ ချစ်ခွင့်မပန်ခဲ့လျှင်လည်း သူ့အနေဖြင့် ကုကျန်းကို ရည်းစားစကားပြောရန် မဖြစ်နိုင်ပေ။ သို့သော် သူတို့၏ဆက်ဆံရေးကို အတည်ပြုပြီးဖြစ်၍ နောက်ပိုင်းကိစ္စများတွင် ပြောင်းလဲသင့်ချေပြီ။ ကုကျန်းအား သူ့ကို အလိုလိုက်ခွင့်မပြုနိုင်တော့။ ချစ်သူကောင်လေးအနေဖြင့် သူကသာ ကုကျန်းကို အလိုလိုက်သူဖြစ်ရမည်။

တစ်ညလုံးလျှောက်တွေးပြီးနောက် ချန်ကျစ်ချူးသည် အနာဂတ်တွင် သူတို့အတူတူလုပ်ရမည့် ကိစ္စများအထိ စဉ်းစားပြီးဖြစ်၏။ သို့သော် ယခုလောလောဆယ်တော့ ကုကျန်းအတွက် အရင်ဆုံး မွေးနေ့လက်ဆောင် စီစဉ်ပေးရမည်။ သူ့ကိုယ်သူ အကောင်းဆုံးမွေးနေ့လက်ဆောင်ဟူ၍ သတ်မှတ်သည်အထိ သူ အရှက်မမဲ့သေးပါ။

သို့သော် ချန်ကျစ်ချူးတွင် မိန်းကလေးသူငယ်ချင်း သိပ်မရှိသလို သူပေးလေ့ရှိသည့် လက်ဆောင်ကလည်း ကုကျန်းနှင့် မလိုက်ဖက်သည့် အရုပ်သေးသေးလေးများသာ။ ထို့ကြောင့် ကုကျန်းအတွက် ဘာလက်ဆောင်ပေးသင့်လဲ စဉ်းစားမရတော့ချေ။ မေးမြန်းကြည့်ရန်လည်း မိန်းကလေးသူငယ်ချင်းက တစ်ယောက်မျှမရှိချေ။

သူ့ညီမလေးချန်လင်းလင်းကလည်း အထက်တန်းပထမနှစ်သာ ရှိသေးသဖြင့် ကုကျန်းနှင့် အတော်လေး အသက်ကွာနေသည်။ ထို့ကြောင့် အကြိုက်တူမည်မဟုတ်ပေ။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Место, где живут истории. Откройте их для себя