48 - Ghost School (2)

1.9K 411 42
                                    

Unicode

အခန်း - (၄၈) : သရဲကျောင်းတော် (၂)

ပိုင်ရိသည် ကုကျန်း၏လက်ကို ပိတ်ဆို့လိုက်ပြီး သူ၏လေသံနှင့် အကြည့်က အလွန်တရာ အေးစက်နေလေ၏။

ချန်ကျစ်ချူးကို ကြည့်နေသည့် ကုကျန်း၏အကြည့်က ပိုင်ရိထံသို့ ရွေ့လျားလာသည်။ ပိုင်ရိကို မြင်လိုက်ရသည့်အခိုက် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး သူ၏မျက်နှာပေါ်မှ အပြုံးရိပ်လည်း အနည်းငယ် မှိန်ဖျော့သွားသည်။ ပြီးနောက် လက်ကို ပြန်ရုတ်သိမ်းကာ ယဉ်ယဉ်ကျေးကျေး မေးသည်။ : “မင်းက ပိုင်မိသားစုက မစ္စတာပိုင်ရိလား..?”

ပိုင်ရိက ကုကျန်းကို မျက်နှာသေဖြင့်သာ စိုက်ကြည့်နေပြီး ဘာမှပြန်မပြောခဲ့ချေ။ သို့သော် ကုကျန်းက ယဉ်ကျေးသိမ်မွေ့သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲ။ သူ့အပေါ် ပိုင်ရိ ရန်လိုနေတာကို သတိမပြုမိသယောင်…

“ဟယ်လို.. ငါက ကုမိသားစုက ကုကျန်းပါ.. ငါတို့ တစ်ခါတွေ့ဖူးတယ်..”

“လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က မင်း ပိုင်မိသားစုကနေ ထွက်သွားတယ်ဆို.. ဒီမှာ လာတွေ့ရမယ်လို့ မထင်ထားဘူး.. မင်းရဲ့ညီဝမ်းကွဲ ပိုင်ရှီရှင်းနဲ့တော့ သိကျွမ်းပါတယ်.. တကယ်လို့ မင်းရဲ့မိသားစုနဲ့ အဆက်အသွယ်လုပ်ရတာ အဆင်မပြေဘူးဆိုရင် ငါ ကူညီပြီး သတင်းစကားပို့ပေးနိုင်တယ်..”

ထိုသို့ပြောပြီးနောက် ကုကျန်း၏ နှုတ်ခမ်းထောင့်က ရုတ်ချည်းဆိုသလို ကော့တက်သွားပြီး.. : “ငါနဲ့ ချန်ချန်အကြောင်း ပြောရမယ်ဆိုရင်တော့ ငါက သူ့ရဲ့……….”

“ပါးစပ်ပိတ်ထား..!”

ချန်ကျစ်ချူးမှာ ထိတ်လန့်သွားပြီး ကုကျန်း၏ပါးစပ်ကို အမြန်ပြေးပိတ်လိုက်၏။

ပါးစပ်ပိတ်ခံလိုက်ရသော်လည်း ကုကျန်း၏ မျက်လုံးထဲတွင် နူးညံ့သော အပြုံးရိပ်တချို့ ထင်ဟပ်နေသည်။ သူက သူ့ပါးစပ်ပေါ်မှ ချန်ကျစ်ချူး၏ လက်ကို အသာဆွဲဖယ်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ : “ဘာလို့ မပြောခိုင်းတာလဲ..?”

“ပိုင်ရိက ငါ့ရဲ့မိတ်ဆွေ…” ချန်ကျစ်ချူးက ကုကျန်း၏လက်ထဲမှ ရုန်းကန်ရင်း အသံခပ်မာမာဖြင့် ပြန်ပြောသည်။ : “သူ့ရှေ့မှာ ပေါက်ကရတွေ လျှောက်မပြောနဲ့..”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now