27 - Abandoned Hodpital (11)

2.1K 436 10
                                    

Unicode

အခန်း - ၂၇ : စွန့်ပစ်ဆေးရုံ (၁၁)

ချန်ကျစ်ချူးသည် သူ၏လက်ထဲရှိ ငွေဒင်္ဂါးကို တွေတွေကြီး စိုက်ကြည့်နေလေ၏။ ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသည့်အလား အတော်ကြာသည်အထိ စကားမပြောနိုင်ရှာပေ။

တစ်ဖက်မှာရပ်ပြီး စပ်စုနေသည့် မုန့်ညီအစ်မလည်း ထိုအခြင်းအရာကိုမြင်ပြီး နားမလည်နိုင်ဖြစ်သွားသည်။ သူတို့က သိချင်စိတ်အပြည့်ဖြင့် မေးလာသည်။ “ဒါက လက်နက်တစ်မျိုးပဲမလား..? ဘာဖြစ်လို့လဲ..? မကောင်းလို့လား..? လက်တွေ့အသုံးဝင်မှုအဆင့်က ဘယ်လောက်မို့လဲ..?”

“…. A..”  ချန်ကျစ်ချူးသည် အတော်ကြာအောင် အသံတိတ်နေပြီးနောက် ပြန်ဖြေခဲ့သည်။

“A..?”

ညီအစ်မနှစ်ယောက်က အသံငယ်လေးဖြင့် အံ့ဩတကြီး ရေရွတ်လိုက်၏။ ငွေဒင်္ဂါးအပေါ် သူတို့၏အကြည့်က ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့၏ ကိုယ်ပိုင်လက်နက်များသည် C အဆင့်သာဖြစ်ပြီး Beginner’s Package မှ အသီးသီး ရရှိခဲ့ခြင်း ဖြစ်သည်။

A အဆင့်လက်နက်သည် အဆင့်မြင့်စွမ်းရည်၊ ကျိန်စာသင့် Item များကဲ့သို့ အသုံးဝင်ပြီး အလွန်ရှားပါးသည်။ ၎င်းကို ကံစမ်းမဲစနစ်မှ ကံစမ်းနိုင်ပြီး လက်နက်အစိတ်အပိုင်းများ စုစည်း၍ A အဆင့်လက်နက်ဖန်တီးလိုလျှင် အနည်းဆုံး လက်နက်အစိတ်အပိုင်း 1000 သို့မဟုတ် ထိုထက်ပိုပြီး လိုအပ်ပေလိမ့်မည်။ ဤပမာဏအထိ လက်နက်အစိတ်အပိုင်းများ စုစည်းရန်လည်း အတော်ကြာအောင် အချိန်ယူရပေဦးမည်။

သူတို့သာ A အဆင့်လက်နက်တစ်ခု ရရှိခဲ့မည်ဆိုလျှင် အိပ်ပျော်သွားသည်အထိ အားပါးတရ ပြုံးနေမိမည်ပင်။ သို့ဖြစ်ရာ ချန်ကျစ်ချူးက အဘယ်ကြောင့် ဤသို့ဆူပုတ်နေရသနည်း။ သူတို့ တကယ်ကို နားမလည်နိုင်တော့ပေ။

ဤလက်နက်က တစ်ခုခုချို့ယွင်းနေ၍လော။ ပုံမှန်အားဖြင့် ဒင်္ဂါးပုံစံလက်နက်များသည် အလွန်ရှားပါးရာ ထိုလက်နက်ကို အသုံးပြုရန် အဆင်မပြေဖြစ်နေခြင်း၊ သို့တည်းမဟုတ် ကန့်သတ်ချက်များရှိနေ၍ ဖြစ်နိုင်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now