6 - Midnight Mansion (4)

3.5K 611 43
                                    

Unicode

အခန်း - (၆) : သန်းခေါင်ယံစံအိမ် (၄)

"အား......"

ရန်ရွှယ်၏ အသံကုန်အော်ဟစ်သံသည် စံအိမ်တစ်ခုလုံးသို့ ပျံ့လွင့်သွား၏။ ကျန်လူများ၏ အကြည့်အောက်တွင် ရုတ်တရက် လဲကျသွားပြီး ကြောက်လွန်း၍ ပြန်မထနိုင်ခဲ့ပေ။ သနားစရာကောင်းအောင် လေးဖက်ထောက်ကာ တွားသွားနေလေသည်။

သူမ လေးဖက်ထောက်လိုက်မှ ကျန်လူများလည်း အစောပိုင်း သူမ မတ်တပ်ရပ်ခဲ့သည့် နေရာ၏ နောက်တွင် ခြေရာတစ်စုံကို မြင်လိုက်ရသည်။ ဘယ်ဘက်ခြေရာက အရှေ့တစ်ပိုင်းပြတ်နေပြီး သွေးစက်လက်ဖြင့်။ ချန်ကျစ်ချူး ပြောပြခဲ့သည့်အတိုင်း လုံးဝကွက်တိပင်။

"သ... သရဲ...!"

ရန်ရွှယ်သည် ကြမ်းပြင်ပေါ်တွင် တုန်တုန်ယင်ယင်ဖြင့် ရှိုက်ကြီးတငင် အော်ငိုနေတော့၏။ ဝမ်ကျန်းမင်သည် ကပျာကယာ ပြေးတက်သွားပြီး ရန်ရွှယ်ရှေ့ ပိတ်ရပ်ကာ သူမကို ကာကွယ်ပေးလိုက်သည်။ သို့သော်ငြား သူကိုယ်တိုင်က မျက်နှာဖြူဖျော့နေပြီး သွားရိုက်သံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။

ချန်ကျစ်ချူးနှင့် လုဝမ်ကျင်းတို့သည်လည်း ကြောက်လန့်နေရှာသည်။ လုဝမ်ကျင်းဆိုလျှင် သူမ၏ သွေးစွန်းနေသော သံတူရွှင်းကြီးကို မြှောက်ကာဝင့်ကာဖြင့်​.. 'မလာနဲ့နော်.. မလာနဲ့..!' ဟု အော်ဟစ်ရင်း ဟိုဟိုသည်သည် လျှောက်ယမ်းနေတော့သည်။

ခြေရာများသည် လေထဲမှသွေးစက်များ တစ်စက်စက်ကျလာကာ သွေးများအိုင်ထွန်း၍ သွေးညှီနံ့ပင် ပျံ့လွင့်လာသည်အထိ ထိုနေရာမှာပင် ရပ်တန့်နေလေသည်။

လူတိုင်း သတိထားကာ စောင့်ကြည့်နေပြီး မည်သူမျှ အနားမကပ်ရဲကြပေ။

ထို့နောက်တွင်မူ ခြေရာက စတင်လှုပ်ရှားလာသည်။ 'ဖောက်'ခနဲ သွေးစက်ကျသံနှင့်အတူ အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။

အနှီခြေရာက သူ့ဆီဦးတည်နေမှန်း ချန်ကျစ်ချူး မြင်သောအခါ တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ သို့သော် ကပျာကယာ တုံ့ပြန်လိုက်ရင်း နေရာမှထွက်ပြေးတော့သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now