53 - Ghost School (7)

1.7K 408 9
                                    

Unicode

အခန်း - (၅၃) : သရဲကျောင်းတော် (၇)

ထိုမေးခွန်းက ပုံမှန်ဆိုလျှင် မထူးဆန်းသော်လည်း သရဲခြောက်သည့် စာသင်ခန်းထဲတွင် သရဲမက ယခုလို မေးလာသောအခါ အလွန်ထူးဆန်းနေလေ၏။ ချန်ကျစ်ချူးပင် ထိုမေးခွန်းမျိုး မေးလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ချွီယန်နှင့် ဇာတ်ကောင်များလည်း အံ့အားသင့်ပြီး ကြောက်ရမည်ကိုပင် တစ်ခဏမျှ မေ့လျော့သွားရသည်။

ပိုင်ရိက အလောင်းကောင်ဆရာမကို ကြည့်ပြီး အသာမျက်ခုံးပင့်လိုက်သည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် မေးလာမှန်း မသိပါသော်ငြား သူ၏နှုတ်ခမ်းထောင့်က အသာကော့တက်သွားပြီး ထိုမေးခွန်းကို မတုံ့မဆိုင်း ပြန်ဖြေခဲ့သည်။ : "သဘောကျတယ်.. ကျစ်ချူးကို တကယ်သဘောကျတယ်.."

ထိုသို့ပြန်ဖြေနေရင်း ဘေးမှာထိုင်နေသည့် ချန်ကျစ်ချူးကို လှည့်ကြည့်ကာ ပြုံးပြလိုက်သေးသည်။

တစ်ဖက်လူ၏ အချစ်မျက်ဝန်းများကြောင့် ချန်ကျစ်ချူးမှာ ရင်ခုန်သွားပြီး နားရွက်ဖျားများပင် နီရဲတက်လာသဖြင့် မထိန်းနိုင်အောင် ခေါင်းငုံ့မိသည်အထိ။ ခေါင်းထဲတွင်လည်း အတွေးများဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။

ဘာတွေဖြစ်ကုန်တာလဲ..?

အပိုဆောင်းတာဝန်ရဲ့ အထူးကန့်သတ်ချက်တွေကို မှတ်မိပါသေးတယ်။ သူတို့ မေးခွန်းတွေကို ပြန်ဖြေရင် Instance ဇာတ်ကြောင်းနဲ့ သွေဖည်လို့မရသလို လက်တွေ့ဘဝမှန်နဲ့လည်း သွေဖည်ခွင့်မရှိဘူး..!

ပိုင်ရိက သူ့ကို သဘောကျတယ်လို့ ပြောလိုက်ပေမယ့် သရဲမက ပိုင်ရိကို အပြစ်ပေးမယ့်ပုံမပေါ်ဘူး။ အဲတာဆိုရင် ပိုင်ရိက သူ့ကို တကယ်သဘောကျတာပေါ့..? 'သဘောကျတယ်' ဆိုတဲ့နေရာမှာ သူငယ်ချင်းအချင်းချင်း သဘောကျတာကိုလည်း ထည့်တွက်ပေးလို့ ပိုင်ရိ အဖြေမှန်သွားတာများလား..?

ထိုသို့တွေးနေမိသော်လည်း ချန်ကျစ်ချူး၏ စိတ်ထဲတွင် 'ပိုင်ရိ သူ့ကို တကယ်ကြိုက်တာလား..' ဟူသည့် မေးခွန်းမျိုး မတွေးမိဘဲ မနေနိုင်ခဲ့ပေ။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now