89 - Finale (1)

1.9K 388 34
                                    

Unicode

အခန်း - (၈၉) : ဇာတ်သိမ်း (၁)

Photobook ကို ပြင်ပြီးသွားပြီလား..?

ကနဦးတွင် System ၏စကားကိုကြားပြီး ချန်ကျစ်ချူးတစ်ယောက် ပျော်ရွှင်သွား၏။ ဝိညာဉ်ခွဲများကို အပြေးသွားရှာရန် ခြေလှမ်းပြင်လိုက်သော်လည်း အပြောင်းအလဲများကြောင့် အနည်းငယ် တုံ့ဆိုင်းနေသည်။ လက်ရှိအခြေအနေတွင် ဝိညာဉ်ခွဲများကို Photobook ထဲ ပြန်ချိပ်ပိတ်သင့်ရဲ့လား တွေဝေလာမိသည်။

ဝိညာဉ်အစိတ်အပိုင်းအားလုံး ငြင်းဆန်မှုမရှိမှသာ ပိုင်ရိ၏ဝိညာဉ်ကို အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်လိမ့်မည်ဟု System က ပြောခဲ့ဖူးသည်။ ပိုင်ရိနှင့် တစ်ဦးတည်းဖြစ်ကြောင်း လက်မခံလျှင် ဝိညာဉ်ပေါင်းစည်းနေချိန် အန္တရာယ်တစ်ခုခု ဖြစ်သွားနိုင်သည်။

ယခုလောလောဆယ် သူတို့တစ်ဦးချင်းစီ၏ အတွေးကို သေချာမသိသော်လည်း အနည်းဆုံးတော့ ဆုလင်းက အပြင်းအထန် ငြင်းဆန်မည်ဆိုတာ သေချာနေသည်။ ဆုလင်းသည် သူအလွန်မုန်းတီးရသော ပိုင်ရိနှင့် တစ်ယောက်တည်းမှန်း လုံးဝလက်မခံပေ။ ထို့အပြင် ပိုင်ရိကိုလည်း ကြိမ်ဖန်များစွာ ရန်မူခဲ့သေးသည်။

သူတို့ကို လောလောဆယ် လူသားအဖြစ်နေခိုင်းပြီး ပိုင်မိသားစုဗီလာကို ပြန်ခေါ်သွားရင် ကောင်းမလား..? အဲတာဆို ‘ပိုင်ရိ’အဖြစ် နေခဲ့ရတဲ့ အတိတ်ကအမှတ်တရတွေကို ပြန်သတိရလာနိုင်တယ်..!

ချန်ကျစ်ချူးသည် ထိုအတွေးဖြင့် ခြေလှမ်းရပ်သွားပြီး သူ၏စိတ်ထဲ ချီတုံချတုံဖြစ်နေသည်။ ထိုအခိုက် သူ၏အခန်းအပြင်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ဘယ်သူမှန်းမသိဘဲ တံခါးဖွင့်ကြည့်လိုက်သောအခါ အပြင်မှာရပ်နေသည့် ဆုလင်းကို မြင်လိုက်ရသည်။

ဆယ်ကျော်သက်လေးသည် ယခုလေးတင်မှ ရေချိုးထားပုံရ၏။ အနက်ရောင်ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အသားအရေက လွန်စွာဖြူ‌ဖျော့နေသည်။ ရေစိုနေဆဲ ဆံပင်စလေးများက မျက်နှာပေါ် ကပိုကရိုကျနေသဖြင့် ပို၍ပင် ချောမောကြည့်ကောင်းနေတော့သည်။

သူ၏အကြည့်က ချန်ကျစ်ချူးပေါ်တွင် ရပ်တန့်နေသည်။ ပြီးနောက် တိုးညင်းစွာ ပြောသည်။ : “ခဏလောက် အချိန်ပေးလို့ရလား..?”

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Hikayelerin yaşadığı yer. Şimdi keşfedin