85 - Out of Control Photobook (4)

1.4K 331 64
                                    

Unicode

အခန်း - (၈၅) : အထိန်းအချုပ်မဲ့ Photobook (၄)

သူ၏အရှေ့တွင် မည်သည့်အရာမျှ မရှိသော်လည်း သူ၏နှုတ်ခမ်းပေါ်မှ နူးညံ့နွေးထွေးသော တစ်စုံတစ်ရာကို ခံစားမိနေ၏။ သူ့အား ညင်သာစွာ နမ်းရှိုက်နေသည်။ အနမ်းကို ပိုမိုနက်ရှိုင်းစေရန် သူ၏မေးရိုးကိုပင် ဖျစ်ညှစ်ပြီး အတင်းပါးစပ်ဖွင့်ခိုင်းနေသည်။

ချန်ကျစ်ချူးမှာ ရုတ်ချည်းဆိုသလို ကျောမတ်သွားရသည်။ သူ၏လက်ချောင်းများက ထိုင်ခုံလက်ရန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိရင်း ပါးပြင်ပေါ်တွင် မသိမသာ ရှက်သွေးဖြာလာသည်။ ဘေးပတ်ဝန်းကျင်ကို မသိစိတ်အရ ဝေ့ကြည့်လိုက်မိသည်။

Winter Branch က မည်သည့်နည်းလမ်းမျိုး သုံးထားသည်မသိ၊ ချန်ကျစ်ချူးသာမက ပိုင်ရိနှင့် တခြားဝိညာဉ်ခွဲများလည်း သူ၏ တည်ရှိမှုကို ချက်ချင်း သတိမပြုမိပေ။ တစ်ခုခုမူမမှန်သလိုသာ ခံစားနေရသည်။ ပိုင်ရိက မျက်မှောင်ကြုတ်ပြီး ချန်ကျစ်ချူး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ဒူးတစ်ဝက်ထောက်ကာ မေးသည်။

“ကျစ်ချူး..?”

တခြားတစ်ယောက်နှင့် နမ်းနေစဉ် ကိုယ်ချစ်ရသူက ကိုယ့်ကို စိုက်ကြည့်လာသောအခါ… ချန်ကျစ်ချူးခမျာ ချွေးပြန်လာတော့သည်။ အလွန်လည်း ရှက်မိသည်။ တရားနည်းလမ်းအရဆိုလျှင် ‘Winter Branch’ က ပိုင်ရိနှင့် တစ်ယောက်တည်းဖြစ်ပါသော်ငြား……

‘Winter Branch’ ဒီမျိုးမစစ်ကောင်ကို ဆက်ပြီးခွင့်မပြုနိုင်တော့ဘူး..!

“အွမ်း…”

ချန်ကျစ်ချူးက ပါးစပ်ကိုကာပြီး ကပျာကယာ နောက်တစ်လှမ်းဆုတ်လိုက်သည်။ နောက်ဆုံးတော့ အနမ်းခံနေရသည့် ခံစားချက်မှ လွတ်မြောက်ခဲ့လေပြီ။ ချန်ကျစ်ချူးက ပါးစပ်သုတ်ပြီး ဘာမှမရှိသည့် ဟင်းလင်းပြင်ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ပစ်လိုက်သည်။

“ခင်ဗျားကို မမုန်းမိခင် ထွက်လာခဲ့လိုက်..”

***

ပိုင်ရှီရှင်းက မှန်တစ်ချပ်ကို ယူလာပြီး ကော်ဖီစားပွဲပေါ်မှီကာ ထောင်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ပြီး ခပ်ဝေးဝေးသို့ ပြေးသွားသည်။ မှန်ရှေ့တွင် မည်သူမျှမရှိသော်လည်း မှန်မျက်နှာပြင်တွင် လူသားပုံရိပ်တစ်ခု ထင်ဟပ်နေ၏။ သူ၏ မျက်နှာသွင်ပြင်က ပိုင်ရိနှင့် ချွတ်စွပ်တူသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now