99 - Extra End

1.8K 366 111
                                    

Unicode

အခန်း - (၉၉) : ထိုမှစ၍

01

ဂိမ်းရှင်းလင်းပြီးနောက် ချန်ကျစ်ချူးသည် 'Infinite escape' ဖြစ်တည်လာရသည့် အကြောင်းအရင်းကို System ထံမှ သိရှိခဲ့ရသည်။

ဂိမ်းအော်ပရေတာများသည် အတိုင်းထက်အလွန် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သော ဂလက်ဆီတစ်ခုမှ ရောက်လာခြင်းဖြစ်၏။ သူတို့နေထိုင်ရာ ကြယ်စင်အစုအဝေးတွင် နည်းပညာမြင့်မားသော်လည်း ကလေးမွေးဖွားမှုနှုန်းက လွန်စွာနည်းပါးသည်။ သူတို့၏ မျိုးပွားနည်းကလည်း အလွန်ထူးခြားသောကြောင့် နည်းပညာအကူအညီဖြင့် ကလေးမွေးဖွားရန် မဖြစ်နိုင်သလောက်ပင်။

[ အဲတာကြောင့် ငါတို့ ဒီဂိမ်းကို တီထွင်ခဲ့တာ.. ]

System က အပြစ်ရှိစိတ်ဖြင့် ပြောလာသည်။

[ ငွေမည်းခဝါချတဲ့အကြောင်း ကြားဖူးလား..? ငါတို့နည်းလမ်းကလည်း အဲ့အတိုင်းပဲ.. Player တွေကို ဂိမ်းထဲရောက်အောင် လမ်းညွှန်ပေးပြီး သူတို့သေသွားရင် ငါတို့ဂလက်ဆီကို ရောက်သွားလိမ့်မယ်.. ပြီးရင် ဘဝအသစ် ပြန်မွေးဖွားလိမ့်မယ်.. ]

[ မင်းတို့ရဲ့လုပ်ရပ်က အောက်တန်းကျတယ်လို့ မထင်ဘူးလား..? ]

ချန်ကျစ်ချူးက ထိုစကားကြားပြီး ဒေါသထွက်ထွက်ဖြင့် မထိန်းနိုင်အောင် ပြောလိုက်သည်။

[ တောင်းပန်ပါတယ်.. ငါတို့လည်း ရွေးချယ်စရာမရှိလို့ပါ.. အခု ဖြည်းဖြည်းချင်း ဂိမ်းလည်ပတ်မှုကို ရပ်တန့်ဖို့ လုပ်နေပါပြီ.. ]

***

02

ချန်ကျစ်ချူးမှာ အလွန်ဒေါသထွက်သော်လည်း System ၏စကားကြောင့် အတန်ငယ် စိတ်သက်သာရာရသွာသည်။

အနည်းဆုံးတော့ သေဆုံးသွားသူများလည်း တခြားကမ္ဘာတွင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သည်လေ။

***

03

ချန်ကျစ်ချူးက System ကို ထပ်မေးသည်။

[ အဲတာဆို ငါ့အနားကနေ ဘာလို့ထွက်မသွားသေးတာလဲ..? ဂိမ်းကိုရှင်းလင်းပြီးပြီလေ.. ]

🎉 You've finished reading အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်! 🎉
အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now