78

1.7K 400 8
                                    

Unicode

အခန်း - (၇၈)

တဖြည်းဖြည်းချင်း ပွင့်ဟလာသော မျက်ဝန်းအစုံကို မြင်လိုက်ရသည့်အခိုက် ချန်ကျစ်ချူးမှာ နှလုံးခုန်သံပင် ရပ်သွားရ၏။

သူ၏ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်လာပြီး အသိစိတ်တစ်ခုလုံး ဗလာကျင်းသွားသည်။ အံ့ဩတုန်လှုပ်ပြီး ငုတ်တုတ်မေ့နေရှာသည်။

သို့သော် တစ်ဖက်လူက တိုးသဲ့စွာ နာမည်ခေါ်ပြီး သူ၏ပါးပြင်ကို ထိတွေ့လာသောအခါ တစ်ခါမှမခံစားခဲ့ရဖူးသည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ချက်ချင်း လှိုက်တက်လာပြီး မျက်ရည်စက်တို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာရသည်။ ထိုအမျိုးသား၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိရင်း အကြင်သူ၏ နာမည်ကို ဆို့နင့်စွာ ရေရွတ်လိုက်သည်။

“ပိုင်ရိ…”

စိတ်လှုပ်ရှားလွန်း၍ စကားတစ်ခွန်းမျှ ဆက်မပြောနိုင်ခဲ့ပေ။ မျက်ဝန်းအိမ်ထဲမှ အဆက်မပြတ် စီးကျလာသော မျက်ရည်စက်များကိုသာ ခွင့်ပြုထားမိရင်း သူ၏ပခုံးနှစ်ဖက်က ထိန်းမရအောင် တုန်ယင်နေသည်။ မျက်နှာပေါ်တွင် မျက်ရည်နှင့် သွေးများ ရွှဲစိုလျက်။ သူ၏ပုံစံလေးက တကယ့်ကို ပေစုတ်စုတ်ဖြင့် သနားချင့်စဖွယ်။ သို့သော် မည်သည့်ပုံစံမျိုး ဖြစ်နေပါစေ၊ ပိုင်ရိ၏ အမြင်မှာတော့ အလွန့်အလွန် ချစ်စရာကောင်းနေသည်။

သို့သော်…

လက်ချင်းထိကပ်နေသည့်နေရာမှ အပူလှိုင်းတစ်ခု ဖြတ်ပြေးသွား၏။ ပိုင်ရိက ဖြည်းညင်းစွာ ထထိုင်ပြီး သူ၏လက်မဖြင့် ချန်ကျစ်ချူးကို မျက်ရည်သုတ်ပေးသည်။ သူ၏အပြုအမူက နူးညံ့လွန်းစွာ။ သို့သော် ချန်ကျစ်ချူး၏ မျက်နှာပေါ်မှ သွေးစက်များကို မြင်လိုက်ရသည့်အခိုက် သူ၏မျက်ဝန်းများက ရုတ်ချည်း အေးစက်သွားပြီး အသူရာချောက်နက်ကြီးသဖွယ် မှောင်မိုက်လာသည်။

ဒီနေရာက ကျစ်ချူး အသက်သွင်းထားတဲ့ Instance ဟုတ်မဟုတ် သူ,မသိဘူး။ ရုတ်တရက်ကြီး ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းကိုလည်း သူ,မသိဘူး။ ဒါပေမဲ့ သူ အနားမှာမရှိတဲ့အချိန် ကျစ်ချူး ဒဏ်ရာရပြီး ငိုတောင်ငိုနေတယ်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now