29 - abandoned Hospital (13)

2.1K 431 41
                                    

Unicode

အခန်း - ၂၉ : စွန့်ပစ်ဆေးရုံ (၁၃)

ညသန်းခေါင်ယံအလယ် ဆေးရုံတစ်ခုလုံး တိတ်ဆိတ်နေသည်။ ကောင်လေး၏အခန်းက မှောင်မည်းသော်လည်း ပြတင်းပေါက်မှ ဖြာကျလာသော လရောင်ဖျော့ဖျော့ကြောင့် ပရိဘောဂပစ္စည်းများပေါ်တွင် ငွေအလင်းမှုန်တို့ ဖြန့်ကျက်လျက်ရှိသည်။

“အွမ်း…”

ကောင်လေးက တိုးညင်းစွာ ညည်းလိုက်သည်။ ရှဲ့ယွမ်ဟွိုင်၏ ပေါင်ပေါ်တွင်ထိုင်ရင်း သူ၏လက်နှစ်ဖက်က တစ်ဖက်လူ၏ လည်တိုင်ကို ဖက်တွယ်ထား၏။ မျက်ဝန်းများက စိုစွတ်နေကာ မျက်ရည်အလွှာလေးတစ်ခု ဖုံးလွှမ်းနေသည်။ သူ့ခမျာ ပြင်းပြတက်ကြွသော အနမ်းကို မနည်းအမီလိုက်နေရသည်။

ရှဲ့ယွမ်ဟွိုင်သည် အနေအေးပုံပေါ်သော်လည်း ကောင်လေးကိုနမ်းတိုင်း ဝါးမြိုချတော့လုမတတ် ချစ်စိတ်ပြင်းပြသည်။ သူက ကောင်လေး၏ခါးကို ပွေ့ဖက်ကာ သူနှင့်အတူ အိပ်ရာပေါ် လှဲချလိုက်သည်။ ထို့နောက် တစ်ပတ်လှည့်လိုက်ရင်း ကောင်လေးကို အိပ်ရာထဲဖိကပ်ကာ အနမ်းရှည်ကြီးကို ဆက်လိုက်၏။ ကောင်လေးဘက်မှ မရုန်းကန်မချင်း သူက မလွှတ်ပေးချေ။

“အဟင့်… ဟူး…”

ကောင်လေး၏မျက်နှာက နီရဲနေသည်။ နှုတ်ခမ်းပါးလေးများဟာ အရည်လဲ့ပြီး ရွှန်းစိုနေသည်အထိ အနမ်းခံထားရသည်။ ခုတင်ပေါ်တွင် ခွေခွေလေး လဲလျောင်းရင်း အသက်လုရှူနေရသည်။

ရှဲ့ယွမ်ဟွိုင်၏ မျက်ဝန်းများက အတန်ငယ် မည်းမှောင်လာပြီး နောက်တစ်ကြိမ် ထပ်နမ်းရန် လှုပ်ရှားလာသည်။ သို့သော် ကောင်လေးက မျက်နှာလေးနီရဲလျက် အသာနောက်ဆုတ်သွားပြီး အသံငယ်လေးဖြင့် ပြောလာသည်။

“ထပ်… ထပ်မလုပ်နဲ့တော့… ကျွန်တော် မရတော့ဘူး..”

“ဒီလိုလုပ်ရတာကို မကြိုက်ဘူးလား..?” ကိုလူချောက ညင်းသွဲ့သွဲ့ ပြောလာသည်။ “မကြိုက်ရင် နောက် ဘယ်တော့မှ ထပ်မလုပ်တော့ဘူးနော်..”

“မဟုတ်.. ပါဘူး..”

ထိုစကားကြောင့် ကောင်လေးသည် ရှဲ့ယွမ်ဟွိုင်၏အင်္ကျီစကို မထိန်းနိုင်အောင် လှမ်းဆွဲလိုက်မိရင်း ပျားရည်စက်လေးများ အရည်ပျော်ကျလာသကဲ့သို့ နူးညံ့ရှက်ရွံ့စွာ ဆိုသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now