45 - Horror Variety (End)

2.2K 425 27
                                    

Unicode

အပိုင်း - (၄၅) : Horror Variety (End)

တိပ်ပတ်ထားသော သရဲက ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဘာမှမပြောဘဲ ဘောလုံးတစ်လုံးလို ကျုံ့ကျုံ့လေး ထိုင်နေတာကို မြင်လိုက်ရတော့ ချန်ကျစ်ချူးမှာ အကြိမ်ရေအနည်းငယ်ခန့် မျက်တောင်ခတ်မိရင်း ဘာကြောင့်ရယ်မသိ သရဲအပေါ် သနားစိတ်ဝင်လာမိသည်။

ရုပ်ရည်သွင်ပြင်ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေခြင်းလား၊ သို့တည်းမဟုတ် ကျိုးလော့ချန်က သရဲ၏မျက်နှာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တစ်ခုခုလုပ်ခဲ့ခြင်းလား။

ထိုလူယုတ်မာကျိုးလော့ချန် မည်သို့လုပ်ခဲ့ပါစေ၊ ချန်ကျစ်ချူးကတော့ မအံ့ဩတော့ချေ။ သို့သော် ဤကား သူ၏အထင်မျှသာ။ Reality Instance က သူ့အား အမှန်တရားကို ဖော်ထုတ်ရန် တာဝန်မပေးထားသလို သဲလွန်စလည်း မရှိသဖြင့် သရဲအကြောင်း ဘာတစ်ခုမှမသိထားပေ။ ထို့ကြောင့် ဤသရဲဟာ ကျိုးလော့ချန် သတ်ဖြတ်ခဲ့သည့် နစ်နာသူတစ်ဦးသာ ဖြစ်ပေမည်။

“မင်းက ကျိုးလော့ချန်မဟုတ်ဘူးဆိုရင် ဘယ်သူလဲ..? ဘာလို့ ဒီရောက်နေတာလဲ..? ကျိုးလော့ချန်ကြောင့် သေခဲ့ရတာလား..?”

သရဲကို နမ်းချင်လျှင် ယခုထက်ပိုပြီး ချဉ်းကပ်ရန် လိုအပ်ပေသည်။ သို့နှင့် ချန်ကျစ်ချူးလည်း ဒူးထောက်ထိုင်ပြီး သရဲကို သိချင်စိတ်အပြည့်ဖြင့် အကဲခတ်လိုက်သည်။

“………”

သရဲက ဘာမှပြန်မဖြေချေ။ သို့သော် ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်နေဆဲ။ အသံတိတ်နေသည့် သရဲကိုကြည့်ပြီး ချန်ကျစ်ချူးက မသိမသာ အနားတိုးသွားလိုက်သည်။ နီးကပ်လာသည်နှင့်အမျှ သရဲထံမှ အေးစက်စက်ကိုယ်ငွေ့ကို ခံစားလာရသည်။

“ကျိုးလော့ချန်က သူ့ကိုယ်သူ သတ်သေခဲ့တာမဟုတ်ဘူး.. မင်း သူ့ကို သတ်လိုက်တာလား..?” ချန်ကျစ်ချူးက မေးသည်။ “အမ်း.. မင်းလုပ်ခဲ့တာဆိုရင် အရမ်းတော်တယ်လို့ ပြောမလို့.. သူနဲ့ ထိုက်တန်တယ်..”

ထိုစကားကိုကြားတော့ သရဲက အနည်းငယ် တုံ့ပြန်လာ၏။ ခေါင်းအသာမော့၍ သူ့အား ခိုးကြည့်လိုဟန်ဖြင့် မျက်ဝန်းလှလှလေးတစ်စုံကို လှစ်ဟပြလာသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now