15

3K 510 17
                                    

Unicode

အခန်း (၁၅) : Reality (2)

ဘာကိစ္စ နောက်ထပ်ကျိန်စာသင့် Item လဲဟ..?!

နှစ်သိမ့်ဆုက နောက်ထပ်ကျိန်စာသင့် Item ဖြစ်နေမှန်း ကြားလိုက်ရသည်နှင့် ချန်ကျစ်ချူး၏ နှလုံးသားတစ်ခုလုံး အေးစိမ့်သွားရ၏။ နောက် Instance အထိတောင် သူ အသက်မရှင်နိုင်လောက်တော့ဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မီးပွင့်စောင့်နေသည့် Bus ကားပေါ်၌ 'ကလောက်'ခနဲ မြည်သံတစ်ခု ရုတ်ချည်း ကြားလိုက်ရလေသည်။ သတ္တုပစ္စည်းတစ်ခုခု ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည့် အသံမျိုးပင်။ ကားထဲတွင် တိတ်ဆိတ်နေသဖြင့် အသံက ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည်။

ခရီးသွားတချို့က သူတို့၏ ခြေထောက်အောက်ကို အမှတ်တမဲ့ ငုံ့ကြည့်လိုက်ကြသည်။ တစ်ယောက်က ထိုင်ခုံအောက် တစ်နေရာမှ ပစ္စည်းလေးတစ်ခုကို ခပ်မြန်မြန် သတိပြုမိသွားပြီး ၎င်းကို လက်ညှိုးထိုးကာ အော်ပြောလာ၏။

"ဒါ ဘယ်သူ့လက်စွပ်လဲ..?"

ထိုနေရာသို့ ချန်ကျစ်ချူး လှမ်းကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ် ပြုတ်ကျနေသော လက်စွပ်တစ်ကွင်းကို မြင်လိုက်ရသည်။ ဘတ်စ်ကား၏ မှိန်ဖျော့ဖျော့ အလင်းအောက်တွင် သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း ငွေလက်စွပ်တစ်ကွင်းဖြစ်ပြီး ဘာမှန်းမသိသည့် အလွှာတစ်ခု ဖုံးလွှမ်းနေကြောင်း ဝေဝေဝါးဝါး သတိပြုမိလိုက်သည်။

လက်စွပ်၏ပုံစံက ရိုးရိုးရှင်းရှင်းလေးပင်၊ သို့သော် အကြည့်တစ်ချက်ဖြင့်ပင် သူ၏ရင်ထဲ ရှင်းမပြတတ်အောင် စိမ့်ခနဲ ခံစားလိုက်ရ၏။ ခြေဖျားမှ တစ်ကိုယ်လုံး စိမ့်တက်သွားသဖြင့် ထိုအရာဟာ သူ၏ နှစ်သိမ့်ဆုကြီးမှန်း အလိုလို သဘောပေါက်လိုက်တော့သည်။

ရင်ထဲ နေရမကောင်းသဖြင့် ထိုလက်စွပ်ကို သွားမကောက်ရဲခဲ့ပေ။ တခြားခရီးသည်များလည်း မလှုပ်ရှားကြသဖြင့် ညွှန်ပြခဲ့သည့် ခရီးသည်သာ ထကောက်ရမည့် အခြေအနေသို့ ရောက်လာခဲ့သည်။ ချန်ကျစ်ချူးမှာ သူ့ကြောင့် အပြစ်မဲ့သည့် လူတစ်ယောက် ဘေးဖြစ်မှာကို ရပ်မကြည့်နိုင်သဖြင့် ကိုယ့်ကိုယ်ကို အားတင်းကာ လက်စွပ်ကို ထကောက်ရတော့သည်။ ပြီးနောက် အပြုံးလေးဖြင့် ခရီးသည်များကို တောင်းပန်လိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now