40 - Horror Variety (5)

1.9K 418 19
                                    

Unicode

အခန်း - (၄၀) : Horror Variety (5)

လေထုထဲတွင် နှင်းဆီပန်းရနံ့တို့ ပျံ့လွင့်နေလေ၏။ ချန်ကျစ်ချူးသည် ရုတ်တရက် မိုက်ခနဲဖြစ်သွားပြီး အမြင်အာရုံ မှောင်ကျသွားကာ မေ့လဲလုမတတ် ဖြစ်သွားရသည်။

မျက်လုံးပြန်ဖွင့်လိုက်သောအခါ အမြင်အာရုံ ကြည်လင်လာသည်။ ထိုအခိုက် သူ့ကိုယ်သူ နှင်းဆီပန်းခင်းကြီးထဲ မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရသည်။ ပွင့်ဖတ်နီနီများဟာ လေနှင့်အတူ မျောလွင့်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပန်းရနံ့တို့ဖြင့် ထုံသင်းနေတော့သည်။

“ကျစ်ချူး.. ဒီကိုလာခဲ့.. သားအတွက် အဖေရိုက်ပေးထားတဲ့ဓာတ်ပုံကို မကြည့်ချင်ဘူးလား..?”

ထိုအချိန်တွင် ချန်ကျစ်ချူးသည် သူ၏ခန္ဓာကိုယ်က သူ၏ထိန်းချုပ်မှုအောက်တွင် ရှိမနေဘဲ တခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ ရင်းနှီးနေသည့်ခေါ်သံကို ကြားလိုက်ရချိန် ခန္ဓာကိုယ်၏ မြင်ကွင်းက ရွေ့လျားသွားပြီး လက်တစ်ဖက်က ကင်မရာကိုကိုင်ကာ သူ့ကို နွေးနွေးထွေးထွေး ပြုံးပြနေသော သူ၏အဖေကို အလွန်ငယ်ရွယ်နေသေးသည့် အသွင်အပြင်ဖြင့် မြင်လိုက်ရသည်။

အဖေလား..? အဖေက ဘာလို့ဒီရောက်နေတာလဲ..?

ချန်ကျစ်ချူး အံ့အားသင့်သွားသည်။ ထို့နောက်တွင်မူ သူ၏မြင်ကွင်းက အတော်လေး အောက်နိမ့်နေကြောင်း သတိပြုမိလိုက်၏။

“ဟုတ် ဖေဖေ.. သား လာပြီ..”

နူးညံ့ချိုသာသော ပြန်ဖြေသံလေးကို ကြားလိုက်ရသည်။

သူ၏မြင်ကွင်းက အောက်သို့ရွေ့သွားပြီး ဖြူဖွေးနူးညံ့သော လက်သေးသေးလေးတစ်စုံကို မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က နှင်းဆီပန်းပင်များကို အဆူးမဆူးမိအောင် လက်နှစ်ဖက်ဖြင့် ဂရုတစိုက်တွန်းဖယ်ပြီး အသာတိုးထွက်သွားသည်။

ဒီကလေးက သူကိုယ်တိုင်ပဲလား..?

ချန်ကျစ်ချူး၏စိတ်ထဲတွင် အမြင်အာရုံ မှောင်မကျသွားခင် နောက်ဆုံးမြင်လိုက်ရသော ပုံတူပန်းချီကားကို သတိရသွားသည်။ ပန်းချီကားထဲတွင် သူက နှင်းဆီပန်းခင်းကြီးအလယ် မတ်တပ်ရပ်နေပြီး ကြည်လင်ရှင်းသန့်သော မျက်ဝန်းများဖြင့် တောက်ပစွာ ပြုံးရယ်နေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now