24 - Abandoned Hospital (8)

2.2K 461 35
                                    

Unicode

“အချစ်ရေ.. ကျွန်တော် အရင်သွားနှင့်တော့မယ်နော်.. ကျွန်တော်မရှိတော့ရင် ကျွန်တော်တို့ရဲ့ ကလေးတွေကို သေချာဂရုစိုက်ပေးပါ………..”

***
အခန်း - (၂၄) : စွန့်ပစ်ဆေးရုံ (၈)

ကျီယွင်ရှောင်ကို ပွေ့ဖက်ရင်း ထိုစကားများ ပြောမိသည့်အခိုက် ချန်ကျစ်ချူးမှာ ထိတ်ပျာသွားရ၏။ တစ်ကိုယ်လုံးမှသွေးများ ဦးနှောက်ထဲ ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။ လောလောဆယ် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တာကြောင့်သာ မဟုတ်လျှင် သားသမီးမြေးမြစ်ရသည်အထိ ပေါက်ပန်းလေးဆယ် လျှောက်မပြောမိအောင် လျှာကိုက်ပြီး သတ်သေမိမှာပင် ကြောက်ရသည်။

ထိုအချိန် ကျီယွင်ရှောင်လည်း အံ့ဩထိတ်လန့်နေရှာ၏။ သူ့ကိုပွေ့ဖက်ကာ မျက်ဝန်းဝိုင်းကြီးများဖြင့် မော့ကြည့်နေသော ချန်ကျစ်ချူးကို ကြောင်ကြည့်နေမိသည်။

ချန်ကျစ်ချူးက ကျီယွင်ရှောင်၏ ပါးနှစ်ဖက်ကိုပင် ထိန်းကိုင်ထားသေးသည်။ လက်နှစ်ဖက်မှတဆင့် တစ်ဖက်လူ၏ပါးပြင် တဖြည်းဖြည်း ပူနွေးလာတာကို ခံစားမိနေသည်။

ကျီယွင်ရှောင်မှာ ရှက်သွေးဖြာနေချေပြီ။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ လက်ချောင်းသွယ်သွယ်တို့ဖြင့် ချန်ကျစ်ချူး၏ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်မိရင်း တစ်ခုခုပြောချင်နေသယောင် ပါးစပ်ပွင့်လာသည်။ သို့သော် ဝက်ဝံရုပ်လေးကို မြင်လိုက်ရသည့်အခိုက် သတိပြန်ကပ်သွားသည်။

ချက်ချင်း ချန်ကျစ်ချူးကို ဘေးဘက်တွန်းကာ ရှေ့မှကာကွယ်ပေးပြီး ဒူးလေးဖြင့် ဝက်ဝံရုပ်ကို ချိန်ရွယ်ထားလိုက်သည်။

ပိုင်ရိ၏ မျက်ဝန်းနက်နက်များကြောင့် ကြောက်ဒူးတုန်ပြီး လဲကျသွားရှာသော ဝက်ဝံရုပ်လေးသည် ချန်ကျစ်ချူး၏နောက်မှ ကျီယွင်ရှောင် ထွက်လာတာကို မြင်လိုက်သည်နှင့် ချက်ချင်း ပြန်ကုန်းထလိုက်သည်။ ပြီးနောက် ချစ်စဖွယ်ပုံစံလေးနှင့် ခြားနားစွာ သွေးစွန်းနေသော အစွယ်ဖြူဖြူများ ပေါ်ထွက်လာပြီး ကျီယွင်ရှောင်ထံသို့ ပြေးဝင်သွားတော့သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now