97 - Extra

1.4K 339 62
                                    

Unicode

အခန်း - (၉၇) : တစ်ကိုယ်တော်ရုန်းကန်ခြင်း (1)

01

ပိုင်ရိ ဝိညာဉ်မပေါင်းစည်းခင်က ချန်ကျစ်ချူးသည် စိတ်ခွဲများအကြောင်း ကြားဖူးသော်လည်း လူတစ်ယောက်တွင် စိတ်ခွဲပေါင်း ၁၈၀ ကျော်ရှိနိုင်ပြီး ထိုစိတ်ခွဲများရှိနေသူက သူ၏ချစ်သူကောင်လေး ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

အနှီစိတ်ဝိညာဉ်ခွဲများသည် ကနဦးတွင် သီးသန့်ခွဲထွက်သွားပြီဖြစ်သော်လည်း ပိုင်ရိ၏ဝိညာဉ်နှင့် ပြန်လည်ပေါင်းစည်းပြီးနောက် ပိုင်ရိ၏ခန္ဓာကိုယ်ထဲ ရောက်သွားသဖြင့် အကုန်လုံး တစ်ရုပ်တည်းဖြစ်ကုန်သည်။

ချင်ကျိပြောပြမှသာ ချန်ကျစ်ချူးလည်း ပိုင်ရိနှင့် ချင်ကျိကြားက သိပ်မသိသာသော ကွဲပြားခြားနားချက်များကို သတိထားမိလာသည်။ မျက်နှာအမူအရာက ချင်ကျိ၏စကားပြောဟန်နှင့် တကယ်ကို တူညီနေသည်လေ။

ကိုယ်ဟန်အမူအရာကလည်း ချင်ကျိအတိုင်းပင်။

“ကိုယ့်အတွက် အချိန်သိပ်မကျန်တော့ဘူး ကျစ်ချူး.. မြန်မြန်လေး နမ်းခွင့်ပြုပါနော်..”

ထိုသို့ပြောပြီးနောက် လူရွယ်က ချန်ကျစ်ချူးကို ပြန်ဖြေခွင့်မပေးဘဲ နှုတ်ခမ်းပါးများကို မက်မက်မောမော နမ်းရှိုက်လေတော့သည်။

***

02

မိနစ်အနည်းငယ်ကြာပြီးနောက် လူရွယ်၏လှုပ်ရှားမှုက ရပ်တန့်သွား၏။ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချန်ကျစ်ချူးကို အသာလွှတ်ပေးသည်။ ပြီးနောက် ဆံပင်သပ်တင်ပေးရင်း နူးနူးညံ့ညံ့လေး ပြုံးပြလာသည်။

“ခင်.. ခင်ဗျားက ယွမ်ဟွိုင်လား..?”

ချန်ကျစ်ချူးက စက္ကန့်အနည်းငယ်ခန့် အကဲခတ်ကြည့်ပြီးနောက် မေးသည်။

“မင်း ကိုယ့်ကို ခွဲခြားနိုင်တာပဲ.. ကိုယ် အရမ်းပျော်တယ်.. ကျစ်ချူး..”

လူရွယ်က ခေါင်းညိတ်ပြီး ဟုတ်မှန်ကြောင်းပြောသည်။ သူ၏မျက်ဝန်းထဲတွင် မြတ်နိုးကြင်နာရိပ်တို့ ပြည့်လျှံနေပြီး ချန်ကျစ်ချူးကို ပွေ့ဖက်ကာ ဆံပင်ပေါ်သို့ ခပ်ဖွဖွလေး အနမ်းခြွေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now